ငပလီကမ်းခြေ၌ ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်လုပ်ငန်းများ ပြင်ဆင်နေ

16 January, 2021

ကိုဗစ်-၁၉ အလွန် ငပလီကမ်းခြေတစ်လျှောက် တည်ဆောက်ထားသော ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ ဂေါက်ကွင်းများဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရန် ဟိုတယ်လုပ်ငန်းရှင်များက ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

အပန်းဖြေကမ်းခြေ

ငပလီကမ်းခြေသည် သံတွဲမြို့မှ ၇ ကီလိုမီတာ(၄ မိုင်)အကွာတွင် တည်ရှိသော အပန်းဖြေကမ်းခြေတစ်ခုဖြစ်သည်။ ကမ်းခြေ အလျား ၃ ကီလိုမီတာ (၂ မိုင်)ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိ သည်။

အဓိကဆက်သွယ်ရေးလမ်းကြောင်းမှာ လေကြောင်းဖြစ်၍ သံတွဲလေဆိပ်(ယခင် Sondoway လေဆိပ်)မှတစ်ဆင့် သွားရောက် နိုင်၍ မြန်မာ့လေကြောင်း၊ အဲမန္တလေး၊ ရန်ကုန် လေကြောင်းလိုင်းနှင့် အဲပုဂံတို့မှ သံတွဲသို့ ခရီးစဉ်များရှိကြသည်။

ငပလီကမ်းခြေသည် မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ် သံတွဲ ခရိုင်အတွင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဘက် ၁၇၅ မိုင် အကွာနှင့် သံတွဲမြို့ အနောက်ဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။

ငပလီကမ်းခြေစခန်းသည် ယခင်က ရွာလေးဖြစ်သည်။ ငပလီဟူသော အမည်ကို ၁၈၂၆ -ခုနှစ်၊ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ရောက်ရှိလာသော အီတလီလူမျိုးများက အီတလီနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သော နာပိုလီမြို့ရှိ ကမ်းခြေနှင့်တူသောကြောင့် အစွဲပြုခေါ်ဝေါ်ရာမှ ရခိုင်ပြည်သူတို့ စကားသံဖြင့် ငပလီဟူ၍ ဖြစ်လာသည်။ အီတလီစကားအရ အလွန်သာယာပြီး ရှုခင်းကောင်း လွန်းသောကြောင့် နေပလီဟု ခေါ်ကြသည်။

ငပလီခရီးသွားလုပ်ငန်းမှာ ကိုလိုနီခေတ်မှ စတင်ခဲ့ပြီး ယခုတိုင် ကမ္ဘာပေါ် တွင် ကျော်ကြားဆဲ ခရီးသွားနေရာတစ်ခုဖြစ်သည်။

ခရမ်းစိုးမြင့်

Office and Retail Read 365 times