မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် သန်း ၆၁၀ ကုန်ကျခံ တည်ဆောက်မည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း


18 January, 2020

ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အောင်မင်းဆက်ကုမ္ပဏီမှ ကျပ်သန်း ၆၁၀ ဖြင့် မုံရွာမြို့တွင်တည်ဆောက်မည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ အတည်ပြုမိန့်ထုတ်ပေးနိုင်ရေးအတွက် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

 ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀) တွင် အတည်ပြုမိန့်ထုတ်ပေးနိုင်ရေးအတွက် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

Residential Read 84 times