ရှော့ပင်းမောလ်၊ရုံးခန်းများနှင့် ဟိုတယ်များတည်ဆောက်ရေးအတွက် EoI ဖိတ်ခေါ်


05 December, 2020

စက်မှုဝန်ကြီးဌာန ကချင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနပိုင်မြေနေရာ ဝ.၃၅၉ ဧကတွင်ရှော့ပင်းမောလ်၊ရုံးခန်းများနှင့် ဟိုတယ်ဖွင့်လှစ်နိုင်မည့် အဆောက်အအုံများတည်ဆောက်ရေးကို BoT စနစ်နှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

            ဌာနဘက်မှ ကာလပေါက်ဈေးနှင့် တွက်ချက်ထားသောမြေတန်ဖိုးနှင့်လုပ်ငန်းရှင်ဘက်က ကျခံမည့် အဆောက်အအုံနှင့် အထွေထွေကုန်ကျစရိတ်များကို စိစစ်ပြီး အကျိုးအမြတ်သတ်မှတ်မည်ဖြစ်သောကြောင့် စိတ်ဝင်စားသော ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနှင့် ဆက်သွယ်နိုင်ရန် EoI ဖိတ်ခေါ်နေကြောင်းသိရသည်။

တည်နေရာမှာ အမှတ်(၁၃၉၊ဃ)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဈေးကြီးလမ်းထောင့်၊မြို့မရပ်ကွက်၊မြစ်ကြီးနားမြို့တွင်ဖြစ်ပြိး လျှောက်လွှာများကို (၆.၉.၂ဝ၁၈)ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး လျှောက်လွှာများကို (၅.၁ဝ.၂ဝ၁၈) ၂နာရီခွဲ တွင် ပိတ်မည်ဖြစ်ကြောင်းသိရသည်။

          လျှောက်လွှာများကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန စက်မှုဝန်ကြီး ဌာနရုံးအမှတ် (၄၁) နေပြည်တော်တွင် တင်သွင်းရမည်ဖြစ်သည်။လျှောက်လွှာတစ်စောင်ကို ကျပ် ၅ဝ,ဝဝဝဖြစ်ပြီး အသေးစိတ်ကို ဖုန်း ဝ၆၇-၃၄ဝ၈၂၉၁ အား ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Housing Read 221 times