ဟောင်ကောင်မှ ဈေးအမြောက်ဆုံး တိုက်ခန်းငယ် မိုက်ခရိုဖလက်တိုက်ခန်းများ


29 November, 2021

ဟောင်ပောာင်မှာ ကားတစ်စီး ရပ်ဖို့နေရာသာသာမျှသာ ကျယ်တဲ့ တိုက်ခန်းအသေးစားတွေနဲ့ အိုးအိမ် လိုအပ်ချက်ကို ဖြည့်ဆည်းနေတယ်။
ကမ္ဘာပေါ်မှာ အသေးဆုံး အိမ်ရာတိုက်ခန်းဖြစ်ပြီး ဈေးအမြောက်ဆုံး တိုက်ခန်းငယ်တွေလို့ နာမည်ကြီးပါတယ်။


ဟောင်ကောင်မှ ဆရာဝန် Max Lee က တစ်ခန်းတည်းပါတဲ့ တိုက်ခန်းမှာ နေပါတယ်။ တိုက်ခန်းထဲ ဝင်လိုက်တာနဲ့ အိပ်ရာကို စတွေ့ပါလိမ့်မယ်။
အဲဒီမှာ သူအိပ်တယ်။ အဲဒီမှာ သူတီဗီကြည့်တယ်။ ဆေးပညာစာတွေ ဖတ်တော့လည်း အဲဒီ အိပ်ရာပေါ်မှာပါပဲ။ သူ့ရဲ့ လက်ပ်တော့က အခန်းတစ်နေရာမှာ ရှိနေတဲ့ စားပွဲငယ်တစ်ခုပေါ်မှာ တင်ထားပါတယ်။
စတုရန်းပေ ၂၂၀ ကျယ်တဲ့ တိုက်ခန်းမှာ နေဖို့ Max Lee ရွေးချယ်ခဲ့ပါတယ်။ Kowloon မှ အထပ်မြင့်တိုက်တာတစ်ခုလုံး အခုလို တိုက်ခန်းကျဉ်းတွေနဲ့ ဆောက်လုပ်ထားတာမှာ သူက တစ်ခန်း ရယူထားတာ ဖြစ်ပါတယ်။ နေရာက နေရာကောင်း။ မြို့လယ်ပိုင်းမှာ သူနေဖို့ သူတတ်နိုင်တ‌ဲ့ငွေပမာဏက အခုလိုတိုက်ခန်းမျိုးပဲ ရနိုင်ပါတယ်။
 "ဒီမှာ တစ်ယောက်တည်း နေရင် အဆင်ပြေပါတယ်။ ချစ်သူမိန်းကလေး အတူလာနေရင်တော့ အခန်းက ကျဉ်းလွန်းနေတယ်။ နေစရာ နေရာမရှိသလို ဖြစ်သွားတယ်" လို့ သူက ပြောပြပါတယ်။

 သူနေတဲ့အခန်းမျိုးတွေကို မိုက်ခရီုဖလက် microflat လို့ ခေါ်ကြတယ်။ ဟောင်ကောင်မြို့ပြ လူနေမှုစနစ်မှာ တွင်ကျယ်နေတဲ့ တိုက်ခန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဖိုက်ခရိုဖလက် တိုက်ခန်းပေါငါး ၈,၅၀၀ ဝန်းကျင် ရှိတယ်။ 


 
အထပ်မြင့်အဆောက်အဦ အသစ်တွေ ဆောက်‌လုပ်နေကြတာမှာ မိုက်ခရိုဖလက် တိုက်ခန်းရဖို့  ၆ နှစ် စောင့်ကြရတယ်။ တိုက်ခန်းကျဉ်းပေမဲ့ အိပ်ခန်းလို့ ပြောဖို့ အိပ်ရာတစ်ခု၊ မီးဖိုချောင်လို့ ပြောဖို့ မီးဖိုနဲ့ ရေခဲသေတ္တာနေရာ၊ ရေချိုးခန်းအိမ်သာတစ်ခန်း၊ ပစ္စည်းထည့်ဖို့ ဘီဒို တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ "တန်ဖိုးသင့်အိုးအိမ်" လို့ ခေါ်တွင်ပါတယ်။

 ဟောင်ကောင်မှာ အိမ်ဈေးက တက်ပြီးရင်း တက်နေတယ်။ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁.၃ သန်း ဈေးပေါက်တယ်။ ဟောင်‌ေကာင်ရဲ့ အနည်းဆုံး လုပ်ခသတ်မှတ်ပြဌာန်းချက်က တစ်နာရီ ၄.၈၂ အမေရိကန်ဒေါ်လာ ဖြစ်ပါတယ်။
 မြို့လယ်ပိုင်း စတုရန်းပေ ၆၅၀ တိုက်ခန်းတစ်ခန်း ဝယ်ဖို့ဆိုတာ တတ်ကျွမ်းလုပ်သားအဆင့် ရှိသူဆိုရင်တောင်  သူရမယ့် ၂၁ နှစ်စာ လခစုစုပေါင်းနဲ့ ညီမျှတဲ့ငွေပမာဏ ရှိဖို့လိုလိမ့်မယ်။ 

 

Microflats တွေက ဈေးထက်ဝက် သက်သာတယ်။ အသေးဆုံး တိုက်ခန်းတွေကို နာနိုဖလက် nanoflat လို့ ခေါ်ဝေါ်ကြပြီး အကျယ်က ၁၂၈ စတုရန်းပေ ရှိပါတယ်။
နာနိုထက် ပိုကျယ်တဲ့ ၁၆၃ မှ ၂၈၈ စတုရန်းျပအထိ ရှိတဲ့ တိုက်ခန်းတွေ လက်ရှိပေါက်ဈေးက အမေရိကန်ဒေါ်လာ ၈၀၀,၀၀၀ မှ ၁ သန်းအထိ ဖြစ်ပါတယ်။ ၁ စတုရန်းပေ အမေရိကန်ဒေါ်လာ ၃,၉၀၀ မှ ၅,၃၀၀ အထိ ပေးရမှာ ဖြစ်ပါတယ်။ ။

 

 

 

 

 

Public Housing Read 862 times