ကိုရီးယားနိုင်ငံမှ နာမည်ကြီးသရုပ်ဆောင်များ၏ အိမ်တန်ဖိုးများနှင့် သူတို့၏ ပိုင်ဆိုင်မှုများ


17 November, 2020

1.Rain and Kim Tae Hee

Rain နဲ့ Kim Tae Hee ကတော့ မနှစ်က လက်ထပ်ပြီးကြမှန်း အားလုံး သိပြီးသားဖြစ်မှာပါ။သူတို့နှစ်ယောက်က နာမည်ကြီးတွေဖြစ်သလိုသူတို့ရဲ့အိမ်တန်ဖိုးလေး တွေသိချင်ကြလိမ့်မယ်လို့ထင်ပါတယ်။ Rain ရဲ့ villa တစ်လုံးက အမေရိကန်ဒေါ်လာ သန်းပေါင်း၅ ဒသမ ၃ ရှိပြီး complex တစ်လုံးလည်းရှိပါသေးတယ်။တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁ဒသမ၂ ရှိသည်။

Kim Tae Hee ရဲ့villa တစ်လုံးကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဒသမ ၉ရှိပြီး ဆိုးလ် က Hannam-dong မှာ ရှိပါတယ်။Gangnam ဘူတာနားက complex တစ်လုံးရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁ သန်း ရှိပါတယ်။

သူတို့နှစ်ယောက်ပေါင်းရဲ့ ပိုင်ဆိုင်မှုတွေကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၂ဒသမ ၄သန်း ရှိသည့်အတွက် တောင်ကိုရီးယားမှာ အချမ်းသာဆုံး ဆယ်လီအဖြစ် အသိမှတ်ပြုခဲ့ရပါတယ်။

 

2. Kwon Sang Woo & Son Tae Young

Kwon Sang Woo ကတော့ ၈လွှာခန့်ရှိသော အဆောက်အဦးတစ်ခုပိုင်ဆိုင်ပါတယ်။တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၂ဒသမ ၁သန်းရှိတယ်။သူ့ရဲ့အဆောက်အဦးကို သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲမှုနှင့် ဆောက်လုပ်မှုအပိုင်းတွေမှာ ပါဝင်နေခဲ့သည်။သူ့အဆောက်အဦး နာမည်ကတော့ သူ့သားနာမည်နဲ့ သူ့အမေ မွေးနေ့ကို ပေါင်းစပ်ထားသော RookHee 1129ပဲဖြစ်ပါတယ်။

နောက်ထပ် ၄ထပ်အဆောက်အဦးတစ်လုံးလည်းရှိပါသေးတယ်။တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၄ဒသမ ၉သန်းရှိပြီး အဆောက်အဦးနာမည်ကတော့ သူ့သားနာမည်နဲ့ သူ့ဇနီးနာမည်ကိုပေါင်းစပ်ထားတဲ့ RooHee 819 ပင်ဖြစ်ပါတယ်။

Seongsu မှာ စက်ရုံ တစ်ရုံကိုလည်းဝယ်ယူခဲ့ပါသေးတယ်။


3. Lee Soo Man


S.M.Entertainment ရဲ့ CEO တစ်ဦးဖြစ်သော Lee Soo Man ကတော့ အမေရိကန်မှာ သူရဲ့ အိမ် ရှိပါတယ်။တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ဒသမ ၅သန်း ရှိနေပါတယ်။
နေထိုင်နေသော အိမ်ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ဒသမ ၅သန်းရှိပြီး၉၈ ဧကကျယ်ဝန်းသော စပျစ်ခြံနဲ့ အမေရိကန်ဒေါ်လာ ၃ဒသမ၆သန်း ရှိသော complex ကတော့ Los Angeles မှာ ရှိပါတယ်။

 


4. Kang Soo Jung
Announcer Kang Soo Jung ကတော့ luxurious apartment တစ်ခုက ဟောင်ကောင်မှာရှိပြီး တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၆ဒသမ ၈သန်း ရှိပါတယ်။


5. Han Ye Seul
သရုပ်ဆောင်တစ်ခုဖြစ်တဲ့ Han Ye Seulကတော့ apartment suite မှာ ယခုလက်ရှိနေထိုင်နေပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ဒသမ ရသန်း တန်ဖိုးရှိပါတယ်။ French Architect မှ ဒီဇိုင်းရေးဆွဲပေးတယ်။ Suite ထဲမှာဆိုရင် Italian fashion stores, a swimming pool, public bath, and other facilitiesများဖြင့် ပြည့်စုံစွာရှိနေပါတယ်။ LA က k-Town တွင် ၃ထပ် အဆောက်အဦးတစ်လုံး လည်းပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ဒသမ ၈သန်းရှိပါတယ်။


6. Song Hye Kyo
Song Hye Kyo သူမကတော့ အိမ်ခြံမြေ ဝယ်ယူမှုတွေကို စိတ်ဝင်စားပါတယ်။ Song Hye Kyo က Samseong တွင် အိမ်သုံးလုံးပိုင်ဆိုင်ပြီး ပထမအိမ်ကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ရဒသမ ၂သန်းရှိတယ်။ဒုတိယအိမ်ကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂ဒသမ ၅သန်းရှိပြီး တတိယမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ရဒသမ ၆သန်းရှိပါတယ်။ ဒါတင်မဟုတ်သေးပါဘူး New York’s Central Park ရဲ့ မျက်စောင်းထိုးလောက်မှာလည်း ကွန်ဒိုတစ်ခုရှိပါတယ်။


Song Hye Kyo က ယခုဆိုရင် Song Joong Ki နဲ့လက်ထပ်ထားပြီးသားဖြစ်ကြောင်းကို အားလုံး သိပြီးသား ဖြစ်မှာပါ။ သူတို့နှစ်ယောက်ရဲ့ အိမ်ကတော့ အမေရိကန်ဒေါ်လာသန်းပေါင်း ၈ဒသမ ၉သန်းရှိပြီး Itaewon-Dong တွင်တည်ရှိပြီး မြေအကျယ်အဝန်းအနေဖြင့် ၆ဝ၂ စတုရန်းမီတာ ရှိပါတယ်။

Global Real Estate & Properties Read 134 times