အိမ်ရာချေးငွေဘဏ်တိုးနှုန်း ဘယ်လို လျှော့ချ သတ်မှတ်ပေးတာလဲ


09 December, 2019

 ဝင်ငွေနည်းပြည်သူများ အိမ်ရာ ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ဂျပန်နိုင်ငံ ODA Loan အစီအစဉ်အရ အတိုးနှုန်း သက်သာသော နှစ်ရှည်အိမ်ရာ ချေးငွေ ဖြင့် အိမ်ရာများရောင်းချသွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖေဖော် ဝါရီ ၁၁ရက်တွင် သိရသည်။

 
        ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ ဖြင့် အိမ်ရာများရောင်းချရာတွင် ဆောက် လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဘဏ်(CHID)မှတစ်ဆင့် အိမ်ရာချေးငွေထုတ်ချေးကာ ရောင်းချ ပေးလျက်ရှိပြီး ယခင်က အတိုးနှုန်း ၁၂ ရာခိုင်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ယခုအခါ ပိုမိုသက်သာသော နှုန်းထားဖြစ်သည့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် ပထမဆုံးအကြိမ် အိမ်ရာများရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

        " ဂျပန်က ODA ချေးငွေရတဲ့အတွက် အခုလို ပိုမိုသက်သာတဲ့အတိုးနှုန်းနဲ့ ရောင်းပေးတာပါ။ အရင်က တန်ဖိုးနည်း၊ တန်ဖိုးသင့်ဝယ်ယူထားပြီးတဲ့သူတွေက တော့ ထပ်မံဝယ်ယူခွင့်မရှိပါဘူး" ဟု မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါသည်။

 

        ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးနှုန်း ဖြင့်ရောင်းချမည့်အိမ်ရာများမှာ တန်ဖိုး နည်းအိမ်ရာများဖြစ်သော ဒဂုံဆိပ် ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း၁၊ ၂ နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း၂၊ ၃။ တန်ဖိုး သင့်အိမ်ရာဖြစ်သော လှိုင်သာယာမြို့နယ် ရှိ ထီးလှိုင်ရှင်အိမ်ရာတို့ဖြစ်ကြောင်း သိရ သည်။

 

        CHID ဘဏ်တွင် အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်လှစ်ထားသူများအနက်မှ ဇန်နဝါရီ ၃၁ ရက်အထိ အိမ်ရာစု ဆောင်းငွေပြည့်မီသူများသည် အဆိုပါ အိမ်ရာစီမံကိန်းရှိ အခန်း များကို ဝယ်ယူ နိုင်မည်ဖြစ်ပြီး ယခုလ ၁၈ ရက်မှ ၂၂ ရက် အတွင်း မိမိဝယ်ယူလိုသောအဆောက်အအုံ အမျိုးအစားအလိုက် ဌာနတွင် စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
 

How To Read 52 times