လာမယ့် ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်နိုင်တော့မည့် ဘက်စုံအိမ်ရာစီမံကိန်း


09 December, 2019

ဘက်စုံအိမ်ရာစီမံကိန်းကြီးတစ်ခုဖြစ်တဲ့  Hilton Times City Yangon ကို လာမယ့်  ၂၀၂၂  ခုနှစ်မှာ ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ်။

        အခန်းပေါင်း  ၃၀၈  ခန်းပါဝင်တဲ့  ၎င်း   အိမ်ရာစီမံကိန်းမှာ    အဆင့်မြင့်လူနေအိမ်  ခန်းတွေ၊ စီမံကိန်းရဲ့   တစ်စိတ်တစ်ပိုင်းအဖြစ် ဟိုတယ်အဆောက်အအုံအတွင်း ဧည့် ခန်းတွေပါဝင်တဲ့ ဟိုတယ်အိပ်ခန်းဆောင်တွေ၊  ဝန်ဆောင်မှုပေးတဲ့ အခန်းဆောင်တွေအပြင်    ရုံးခန်းဖွင့်လှစ်ထားမယ့် အဆောက်အအုံနဲ့  လက်လီကုန်တိုက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

 

         Hilton Times City Yangon ကို ၂၀၂၂  ခုနှစ်မှာ   ဖွင့်လှစ်နိုင်ဖို့  သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီး အမေရိကန်အခြေစိုက် Hilton Hotels & Resort  နဲ့  Crown  Advanced  Construction Co., Ltd တို့ ပူးပေါင်းလက်တွဲလုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

 

        Hilton ရဲ့  အရှေ့တောင်အာရှဆိုင်ရာ Operation  ဌာနရဲ့   ဒုတိယဥက္ကဋ္ဌဖြစ်သူ Paul  Hitton  က  ၂၀၂၂  ရောက်ရင် မြန်မာ ပြည်ကို  ကမıာလှည့်ခရီးသည်ပေါင်း ရ့၅ သန်း လာရောက်လည်ပတ်ဖို့မျှော်မှန်းထားပါတယ်။ ခရီးသွားကဏ္ဍ အကောင်းရှုမြင်  သုံးသပ်ချက်တွေအရ Hilton Times City Yangon ကို တည်ဆောက်ဖြစ်တာပါ” လို့  ပြောပါတယ်။

 

        လုပ်ငန်းရှင်တွေအနေနဲ့ခရီးသည်တွေ နားနေတည်းခိုဖို့ ကောင်းမွန်တဲ့ ထိပ်တန်း အဆင့်မြင့်ဟိုတယ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။ ရန်ကုန်ကို  လည်ပတ်တာပဲ၊ ခဏတစ်ဖြုတ်ရောက်တာပဲ ဖြစ်ဖြစ် တည်းခိုရာနေရာကောင်းတစ်ခုဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

        Hilton  Times City Yangon မှာ   အဆင့်မြင့်စားသောက်ခန်းမငါးခုပါဝင်ပြီး   အစားအသောက်တွေ ရရှိနိုင်မယ့် အဆင့်မြင့်စားသောက်ခန်းမ၊ တစ်မူထူးခြားတဲ့ အထူးစပယ်ရှယ်စားသောက်ခန်းမ၊ ဘားနှစ်ခုနဲ့ Grab & Go Outlet တို့ ပါဝင်မှာပါ။ ဒါ့အပြင် Event တွေနဲ့  အစည်းအဝေးတွေ လုပ်ဆောင်နိုင်ဖို့  စတုရန်းမီတာ ၅၅၀ ကျော် ကျယ်ဝန်းတဲ့ ballroom  အပါအဝင် စတုရန်းမီတာ ၁၂၅၀ လောက်ကျယ်ဝန်းတဲ့ ခန်းမတွေ၊ အားကစားခန်းမ၊ စီးပွားရေး ခန်းမ၊ spa နဲ့ ရေကူးကန်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

 

        Hilton Times City Yangon   ဟိုတယ်ကို သွားရောက်ဖို့  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က မိနစ်၂၀ ခန့်နဲ့ ရန်ကုန်မြို့လယ်ကောင်ကနေဆိုရင် ၁၅  မိနစ်ခန့် ကားမောင်းချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။

 

        Hilton ဟာ  မြန်မာနိုင်ငံမှာ Hilton နေပြည်တော်၊ Hilton  မန္တလေးနဲ့  Hilton Ngapali Resort  &  Spa  စတဲ့ ဟိုတယ် သုံးကို ဖွင့်လှစ်ထားပြီး လာမယ့်နှစ်တွေမှာ ပုဂံနဲ့ အင်းလေးဒေသတွေမှာ ဟိုတယ်နှစ်လုံး ထပ်မံဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Office and Retail Read 103 times