အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ယူမည်ဆို သတိထားကြည့်ရှု့စစ်ဆေးရမည့်အချက်များ


14 November, 2020

ဆောက်လုပ်ရန်ရှိသောသို့မဟုတ် ဆောက်လုပ်ဆဲဖြစ်သော အဆောက်အအုံသို့မဟုတ် တိုက်ခန်းကိုဝယ်ယူသူများအနေဖြင့် လက်ရောက်ရယူနိုင်ခြင်းမရှိသေးပဲကြိုတင်ငွေပေးပြီးအရောင်းအဝယ်ပြုလုပ်သောစနစ်ဖြစ်ကြောင်း သိရသည်။

အရစ်ကျတိုက်ခန်းဝယ်ယူရာတွင် တိုက်ခန်းတန်ဖိုး၏၃ဝရာခိုင်နှုန်းဦးဆုံးပေးရလေ့ရှိပြီး ကျန်ငွေ ရဝရာခိုင်နှုန်းကို ၆လ၊၁နှစ်၊၂နှစ်စသည့်ဖြင့် ငွေပမာဏသတ်မှတ်ပြီး ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျတိုက်ခန်းဝယ်ယူမည့် သူဘက်မှ ပေးသွင်းမည့် အချိန်ကြာကြာယူလေ တိုက်ခန်းတန်ဖိုးစုစုပေါင်း မြင့်မားလေ ဖြစ်သည်။

နေထိုင်ခွင့် Permit ကျ မကျ၊မီးမီတာ၊ရေမီတာတပ်ဆင်ပြီးမပြီး၊မြေရှင်ဆီမှ ဝယ်ယူခြင်းလား ကန်ထရိုက်ဆီမှ ဝယ်ယူခြင်းလားသိရှိရမည် ဖြစ်ကြောင်း သိရသည်။

အရစ်ကျဝယ်ယူရာတွင် ရိုးမဘဏ်,AYA Bank,CB bank,KBZ Bank စသည့် ဘဏ်များနှင့် ချိတ်ဆက်ထားခြင်းရှိမရှိ နှင့် ကုမ္ပဏီနှင့် တိုက်ရိုက်ငွေပေးသွင်းရမည်လားစုံစမ်းမေးမြန်းသင့်ကြောင်း သိရသည်။

ဘဏ်နှင့် ချိတ်ဆက်ထားသည် ဆိုပါက အတိုးပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အရောင်းအဝယ်စာချုပ်အနေဖြင့် အရစ်ကျတိုက်ခန်းဝယ်ယူမှုစာချုပ်ချုပ်ဆိုနိုင်ပြီး အရစ်ကျ ဝယ်ယူမှု ပြီးစီးသည့် အချိန်သို့ရောက်သောအခါ ပိုင်ရှင်အမည်ပြောင်းလဲလျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့အပြင် မဆောက်လုပ်ရသေးသော ကြိုပွိုင့်တိုက်ခန်းများကို အရစ်ကျပုံစံအသွင်ရောင်းချမှုများရှိနေသောကြောင့်လည်း သတိထားဝယ်ယူသင့်ကြောင်းသိရသည်။

Source:Social

Public Housing Read 168 times