Robert Kiyosaki ပြောပြတဲ့ ရင်းနှီးမြှုပ်နှံသူ (၇)မျိုး


04 December, 2020

Robert Kiyosaki အကြံပြုချက်အရ ရင်းနှီးမြှုပ်နှံသူ ၇ မျိုးရှိပါတယ်။

သင်ရောဘယ်လိုရင်းနှီးမြှုပ်နှံသူ ဖြစ်နေလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

1.The “Lottery Winner”

သူတို့ဟာ ရုတ်တရက် ထီပေါက်သူလို ပိုက်ဆံကို ဘယ်မှာ ရင်းနှီးမြှုပ်နှံရမှန်း မသိသူတွေ ဖြစ်ကြပါတယ်..။ သူတို့ဟာ တွေ့တဲ့ လူတိုင်းကို ဘာလုပ်ရရင်ကောင်းမလဲ လို့မေးတတ်ကြပါတယ်..။

အဲဒီ လို လူမျိုးတွေဟာ သူများပြောသမျှ လုပ်လေ့ရှိကြပါတယ်..။ မကြာပါဘူး ၇ နှစ်ပါပဲ လို့ ဆိုပါတယ်..။ ထီဆုကြီးပေါက်သူ ၇၀% ဟာ ၇နှစ်အတွင်းမှာပဲ ဒုံရင်း .. ကို ပြန်ရောက်သွားတတ်ကြလို့ပါ..။


ဒါကြောင့် ရောဘတ် ကီယိုဆာကီ ပေးတဲ့ အကြံကတော့ “ပညာသင်ပါ” . . ဘဏ္ဍာရေးပညာမတတ်ပဲနဲ့ ရင်းနှီးမြှုပ်နှံတာ မလုပ်သင့်ဘူးလို့ ဆိုပါတယ်..။

2.The Borrowers

သူတို့ဟာ ငွေလှည့်ချေးနေသူတွေဖြစ်ပါတယ်..။ သူတို့ရဲ့ ပိုက်ဆံကို ရင်းနှီးမြှုပ်နှံရမယ့် အစား သူတို့မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ဖြေရှင်းဖို့ လှည့်ပတ်ပြီး ငွေချေးကြပါတယ်..။ သူတို့မှာ ကာလတို အကြွေးများနဲ့ ဖိစီးနေပါတယ်..။

အကြွေးဝယ်ကဒ်တွေ အများကြီးကိုင်ထားပြီး တစ်ခုကနေ တစ်ခု လွှဲပြောင်းချေးငှားပြီး ဖြေရှင်းနေကြပါတယ်..။

သူတို့ကို ကြည့်လိုက်ရင်တော့ အိမ်ကောင်းကောင်းမှာနေ..ကားကောင်းကောင်းစီး.. အပန်းဖြေခရီးခဏခဏထွက်.. ဈေးဝယ်သွား ဆိုပြီး ပျော်နေကြတာကို မြင်ရမှာပါ..။

ဒါပေမယ့် သူတို့ရဲ့ ဘဏ္ဍာရေး ရှင်းတမ်းကို ထုတ်ကြည့်လိုက်ရင်တော့ ကုမရတဲ့ကင်ဆာ ဖြစ်နေပြီ ဆိုတာ တွေ့ရပါလိမ့်မယ်..။


ရောဘတ်ကီယိုဆာကီပေးတဲ့ အကြံကတော့ .ဒီလို အဖြစ်မျိုးကို ရှောင်ဖို့ပါပဲ..။ ကိုယ် ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ပိုက်ဆံကို အလဟသ မဖြစ်ပါစေနဲ့.. ဒါဟာ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ပါဘူး။

3.The Saver

ဒီတစ်မျိုးကို တော့ ငွေစုသူ လို့ အမည်ပေးပါတယ်..။ သူတို့ဟာ ပင်ပင်ပန်းပန်း ရှာလို့်ရသမျှထဲက တချို့ကို ကြိတ်မှိတ်ပြီး စုဆောင်းလေ့ရှိပါတယ်။ တကယ်တော့ သူတို့ စုဆောင်းနိုင်တာကလဲ နဲနဲပါပဲ။

အဲဒီလို လူမျိုး ကို ငွေစုကြပါလား ဆိုတဲ့ Plan တွေက ဆွဲဆောင်လေ့ရှိပါတယ်။ သူတို့ကလဲ သူတို့ ရှာလို့ ရထားသမျှလေးတွေကို ရင်းနှီးမြှုပ်နှံဖို့ထက် စုထားဖို့ပဲ အားသန်ပါတယ်။

လက်လီအရောင်း ဆိုင်တွေကလဲ “ကျွနု်ပ်တို့ ထံတွင်ဈေးဝယ်ခြင်းဖြင့် သင့်ငွေကို ခြွေတာပါ” ဆိုတဲ့ စကားလုံးတွေနဲ့ ဆွဲဆောင်ကြပါတယ်..။

ဒီလိုနဲ့ပဲ ပင်ပင်ပမ်းပမ်း ရှာဖွေ ထားတဲ့ ပိုက်ဆံတွေဟာ ကိုယ်မလိုတဲ့ အသုံးအဆောင်တွေကို ဈေးပေါပေါနဲ့ ရမယ် ဆိုလို့ ဝယ်လိုက်ကြရင်း ကုန်သွားကြပါတယ်။

အဲဒါကို ရောဘတ်က Spending Dollars to save pennies လို့ တင်စားပါတယ်..။ “ချွေတာ” ဆိုတဲ့ စကားကို လူတွေ သိပ်ကြိုက်ကြပါတယ်။

 

သက်သာမယ် လျှော့ပေးမယ် ဆိုတာနဲ့ လိုတာမလိုတာ မကြည့်တော့ပဲ တန်းဝယ်လိုက်တတ်ကြပါတယ်။

ဒါဟာ အရောင်းသမားတွေရဲ့ လျှို့ဝှက်ချက် တစ်ခု ပါပဲ..။


ရောဘတ်ကီယိုဆာကီပေးတဲ့ အကြံကတော့ ရှိတဲ့ ပိုက်ဆံလေးချွေတာစုဆောင်းမယ့် အစား ပိုက်ဆံ ပိုဝင်အောင် ရှာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကို လုပ်ပါ။ ပညာသင်ပါ။

4. The Smart Investor

ဘယ်မှာ ရင်းနှီးမြှုပ်နှံရမယ် ဆိုတာ သိသူပါပဲ..။ သူ့မှာ ပညာအခံရှိတယ်။

ဘတ်ဂျက် အကြောင်းသိတယ်။ ဘယ်နေရာဟာ သူ့ပိုက်ဆံ အတွက် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်နိုင်မလဲ ဆိုတာ သိတယ် မြင်တယ်။

သူဟာ ပညာတတ်ပေမယ့် ဘဏ္ဍာရေး နဲ့ပတ်သက်တာကိုတော့ သိပ်မသိလှဘူး..။ သေချာတာကတော့ ဒီလိုလူမျိုးတွေဟာ လောင်းကစားမလုပ်ဘူး.. လောင်းကစား ဆန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘူး..။

ဆူလွယ်နပ်လွယ် .. ရှုံးလွယ် မြတ်လွယ် အလုပ်တွေ ကို ရှောင်ကြတယ်..။
ရောဘတ်ကီယိုဆာကီပေးတဲ့ အကြံကတော့.. ဒီလိုလူမျိုးတွေမှာ အကြံပေးနိုင်မယ့် မိတ်ဆွေကောင်းလိုတယ်..။ အဲဒီလို မိတ်ဆွေကောင်းကို တွေ့အောင်ရှာပြီး အနားမှာ အနီးကပ် ထားပါ။

သူတို့ဆီက အကြံကောင်းတွေကို လက်ခံရယူပါ..။ သူတို့ဟာ ချင့်ချိန်ပြီးပေးလိမ့်မယ်။ ဘာပဲလုပ်လုပ် စွန့်စားရတဲ့ အန္တရာယ်ကတော့ ရှိနေမှာပဲ ဆိုတာ မမေ့ပါနဲ့။ ဘဏ္ဍာရေး ပညာကိုလေ့လာပါ။

(ဒီအဆင့်အထိကို ရောဘတ်ကီယိုဆာကီက “အပြင်လူ” တွေလို့ သတ်မှတ်ပါတယ်..။ အဆင့် ၅...၆...၇..ကိုတော့ သူက “အပြင်လူ” လို့သတ်မှတ်ပါတယ်..။)

5. The Long-Term Investor

ဒါကတော့ ရေရှည်မြှုပ်နှံသူပါ..။ ဒီအဆင့်ကနေ စပြီး တော့ နောက်ထပ် လာမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ပရိုဖက်ရှင်နယ် ရင်းနှီးမြှုပ်နှံသူများလို့ သတ်မှတ်ပါမယ်.။

ပြီးတော့ သူတို့ကို “အတွင်းလူ” တွေလို့ သတ်မှတ်ပါမယ်..။ ဘာကြောင့်လဲ..။ သူတို့ဟာ “အိမ်ယာမြေ” နယ်ပယ်ထဲမှာ ရင်းနှီးမြှုပ်နှံကြလို့ပါ..။ သူတို့ဟာ နာမည်ကျော် ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာတွေကို မဝယ်ကြပါဘူး..။

အဲဒီရှယ်ယာတွေကို ဝယ်ဖို့က ဘဏ္ဍာရေးပညာတတ်စရာ မလိုဘူးလေ..။ သူတို့ ဝယ်ယူ ရင်းနှီးမြှုပ်နှံလေ့ရှိကြတဲ့ အိမ်ယာမြေ နယ်ပယ်မှာတော့ ဘဏ္ဍာရေးပညာ ကို တတ်မှ ဖြစ်မှာပါ..။ Financial Statement ဆိုတာ သိရမယ်..။

Pro forma ဆိုတာ သိရမယ်.. Due diligence Report ဆိုတာ သိရမယ်.။ ဒါတွေကို နားလည်မှ ရောင်းချင်တာပဲဖြစ်ဖြစ် ဝယ်ချင်တာပဲဖြစ်ဖြစ် ကိုယ့်ဈေးကို ကိုယ်သတ်မှတ်နိုင်မှာဖြစ်တယ်..။

ဒီအဆင့် မှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ညှိနှိုင်းနိုင်စွမ်း မြင့်မားရမှာဖြစ်ပါတယ်..။ ရောင်းသူတိုင်းဟာ သူတို့ပစ္စည်းကို ဈေးအမြင့်ဆုံးနဲ့ ရောင်းချင်ကြသလို ဝယ်သူတိုင်းဟာလဲ သူဝယ်ချင်တာကို ဈေးအနိမ့်ဆုံး ပေးပြီး ဝယ်ချင်တာလေ..။

ဒါကြောင့် “ညှိနိုင်စွမ်း” က အရေးကြီးတယ်လို့ပြောတာ..။

6.The Sophisticated Investor

ဝါရင့် ရင်းနှီးမြှုပ်နှံသူတွေကို ပြောတာပါ..။ သူတို့မှာတော့ အတွေ့အကြုံများလှပြီလေ..။ ပြောရင် စောဖေတို့က နောကြေနေပြီပေါ့..။

ရှင်ကြီးဝမ်း.. ရှင်လတ်ဝမ်း.. ရှင်ငယ်ဝမ်း ဆိုပြီး အားလုံး ထဲကို ဝင်ပြီးပြီ ဆိုတော့ သိနေပြီပေါ့.. သူတို့မှာ ဝင်ငွေစီးကြောင်းစီမံခန့်ခွဲမှု (Cash flow Management) ပညာကလဲ ပြည့်တယ်လေ..။

သူတို့ဟာ အမျိုးအစား မတူတဲ့ အလုပ်တွေမှာ ရင်းနှီးလေ့မရှိဘူး.. သူတို့ရဲ့ ငွေကို အလဟသ ယိုစီး မခံဘူး..။ သူတို့ဟာ အခွန်အခ ကိုလဲ ဂရုစိုက်သလို စီးပွားရေးဆိုင်ရာ ဥပဒေတွေကို လဲ ဂရုစိုက်တယ်..။

သူတို့ဟာ ဘဏ္ဍာရေးပညာကို ကိုယ်တိုင်တတ်ရုံမက .. သိပ်တော်တဲ့ စာရင်းအင်းသမားတွေ.. ရှေ့နေ တွေကို အနားမှာ ထားပြီး တိုင်ပင်လေ့ရှိတယ်..။

ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာလဲ ကောင်းကောင်းသိသူတွေ ဖြစ်လေတော့ သူတို့ရဲ့ အမြတ်အစွန်းကလဲ ကြီးတာပေါ့..။

အလယ်အလတ် အဆင့် ရင်းနှီးမြှုပ်နှံသူ Average Investor တွေ ပြောလေ့ရှိတာက “ကျွန်တော်က ဒေါ်လာငါးဆယ်တန် ရှယ်ယာကို ဝယ်တယ် .. အဲဒီ ရှယ်ယာက ခဏနေတော့ ဒေါ်လာ တစ်ရာ ဖြစ်ရော.. အဲတော့ကျွန်တော် ငါးဆယ်မြတ်တာပေါ့” လို့ ပြောတတ်ကြတယ်..။


ဝါရင့် ရင်းနှီးမြှုပ်နှံသူကတော့ သူှု့ရဲ့ ငွေပင်ငွေရင်း (Capital) ကို တိုးပွားလာအောင် မလုပ်ဘူး..။ သူ့ရဲ့ အမြတ်ကိုပဲ တိုးလာအောင်လုပ်တယ်..။ Cash Flow ကိုပဲ ဂရုစိုက်တယ်..။

သူ့အိတ်ထဲကို စီးဝင်လာမယ့် ငွေတွေကိုပဲ မြင်အောင်ကြည့်တယ်..။ ငွေပင်ငွေရင်း များရင် အခွန်များမယ်.. ဒါကြောင့် အခွန်ကို နဲနဲပဲ ဆောင်ရစေတဲ့ နည်းဖြစ်တဲ့.. ငွေပင်ငွေရင်း ထပ်မထည့်ပဲ အမြတ်များလာအောင် လုပ်တဲ့ နည်းကို သူတို့သိတယ်

အဲဒါကတော့ စီးဝင်စီးထွက်နှုန်း မြန်ဖို့ပါပဲ..။ ဒီလိုလုပ်တတ်တာကလဲ ဝါရင့်ရင်းနှီးမြှုပ်နှံသူတွေသာ လုပ်တတ်တာ..။


သူတို့ဟာ စတော့ခ်ဈေးကွက် မှာ အတက်အကျ ကြမ်းပြီး ကမောက်ကမ ဖြစ်ပြီဆိုရင်လဲ ပျော်တဲ့သူတွေဖြစ်တယ်။

အဲဒီလို အချိန်မျိုးမှာ သူတို့ဟာ Short the Stock ဆိုတဲ့ နည်းကို သုံးပြီး ကစားလေ့ရှိတယ်.. ရိုးရိုးလေးနဲ့ တိုတိုပြောရရင် ကိုယ်မပိုင်တဲ့ ရှယ်ယာကို ရောင်းတဲ့ နည်းပါ..။

ရောဘတ် ကီယိုဆာကီရဲ့ အကြံပြုချက်ကတော့........ သူဌေးဖြစ်ဖို့ ၉၀း၁၀ ကိုသုံးပါ..တဲ့။

ဂေါ့ဖ်ရိုက်သူတွေ ကမ္ဘာပေါ်မှာ အများကြီး.. ဒါပေမယ့် ၁၀% သော Golfer များက ၉၀% သော ပိုက်ဆံတွေကို ရသွားကြတယ်..။ ရင်းနှီးမြှုပ်နှံသူ တွေ အားလုံးရဲ့ ဆယ်ရာခိုင်နှုန်းက ၉၀% သော ပိုက်ဆံတွေကို ရသွားကြတယ်..။

ဒါကြောင့် ခင်ဗျားလဲ ဆယ်ရာခိုင်နှုန်းထဲမှာ ပါနိုင်အောင် လုပ်ပါ။


“အိပ်မက်ကြီးကြီးမက်ပါ။ သေးသေးလေးက စ လုပ်ပါ”

7.The Capitalist

ငွေပင်ငွေရင်းရှိသူ.(အရင်းရှင်) တွေဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံကြသူများ ဖြစ်ကြတယ်။ သူတို့ ဘာလုပ်သလဲ..။

ဘာမှ မလုပ်ဘူး။သူတို့ ဘာလုပ်လုပ် ပိုက်ဆံရနေကြတယ်..။

သူတို့ လုပ်ချင်တာ လုပ်ကြဖို့ လူတွေက ပိုက်ဆံတွေ ပေးကြတယ်..။

ဝါရင်ဘတ်ဖက် ကို ကြည့်လိုက်ကြပါ..။ လူတွေက သူတို့ရဲ့ ပိုက်ဆံကို ရင်းနှီးမြှုပ်နှံပေးဖို့ ဝါရင် ဆီမှာ ယုံယုံကြည်ကြည်နဲ့ ပျော်ပျော်ကြီး ပေးအပ်နေကြတယ်..။

အဲလိုလူမျိုးကို Hot-Hand လို့ခေါ်ကြပါတယ်..။ ငွေရွှင်တယ်. ငွေကြေးကို နိုင်နင်းတယ်..။လိုရာကို ရွှေ့ပစ်နိုင်တယ်။

သူတို့ဟာ ငွေမလိုသူများဖြစ်ကြတယ်..။ ဒါကြောင့်မို့ Capitalist တွေဟာ ငွေကို စေခိုင်းနိုင်သူတွေ ဖြစ်တယ်။ ဘယ်လို အခြေအနေမျိုးမှာ မဆို ရင်းနှီမြှုပ်နှံ ရဲတယ်။

ရောဘတ်ကီယိုဆာကီ ရဲ့ မှတ်ချက်ကတော့----စာအုပ်ရောင်းလို့ သူဌေးဖြစ်မယ် ဆိုရင် ကျွန်တော် ဘာကိစ္စ စာတွေ ရေးနေမှာလဲဗျာ..။ စာအုပ်ပဲရောင်းတော့မပေါ့..။ ခင်ဗျားဟာ တကယ့် ဈေးကွက်ကို သိသူဖြစ်မယ် ဆိုရင် တက်တာတွေ ကျတာတွေကို ဘာမှ စဉ်းစားမနေပါနဲ့..။

တကယ့် ရင်းနှီးမြှုပ်နှံသူတွေဟာ ဘယ်အခြေအနေမှာမဆို ရင်းနှီးမြှုပ်နှံပြီး အကျိုးရှိအောင် လုပ်နိုင်ကြတယ်..။

Global Tips Read 44 times