ဗီယက်နမ် လုံးချင်းအိမ်ရာ ဈေးနှုန်းများ ဒေါ်လာ ၁ သန်းအထက် ရောက်ရှိ


10 March, 2024

ဗီယက်နမ် လုံးချင်းအိမ်ရာ ဈေးနှုန်းများ ဒေါ်လာ ၁ သန်းအထက် ရောက်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အိမ်ခြံမြေ အတိုင်ပင်ခံလုပ်ငန်း Savills Vietnam ၏ အဆိုအရ ဟိုချီးမင်းစီးတီးတွင် ရောင်းချသော လုံးချင်းအိမ်ရာ ဗီလာများနှင့် တောင်းဟောက်စ်အသစ် များတွင် ၇၀% နီးပါးသည် အိမ်တစ်လုံးလျှင် ဒေါင် 30 ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ဒသမ ၂ သန်း) ကျော် ပေါက်ဈေးရှိသည်။

 

Savills Vietnam မှ တွဲဖက်ဒါရိုက်တာ Giang Huynh က ဟိုချီးမင်းစီးတီးတွင် မြေကွက် ရှားပါးမှုကြောင့် အိမ်ရာဈေးနှုန်းများ အဆမတန် မြင့်တက်လာသည်ဟု ဆိုသည်။

ယခုနှစ်တွင် ဗီလာနှင့် တောင်းဟောက်စ်များ အလုံးရေ ၁၄၀၀ သည် စျေးကွက်သို့ ဝင်ရောက်မည်ဖြစ်ပြီး ၆၅ ရာခိုင်နှုန်းမှာ တစ်လုံးလျှင် ဒေါင် ၂၀  မှ ၃၀ ဘီလီယံအထိရှိမည်ဟု Savills က ခန့်မှန်းထားသည်။

 ၂၀၃၀ ပြည့်နှစ်အထိ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အရ မြို့တော် ဟိုချီးမင်းစီးတီးသည်  အိမ်ရာတိုက်ခန်း လိုအပ်ချက်များပြားနေသည်ကို ဖြည့်ဆည်းပေးနိုင်ရန် မြေကွက်များကို ပိုမိုထိရောက်စွာ အသုံးချရန်အတွက် အထပ်မြင့် အဆောက်အအုံများကို စူးစိုက်ဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် စျေးကွက်တွင် ဗီလာများနှင့် တောင်းဟောက်စ် အသစ်များ အရေအတွက်သည် ၂၀၂၂ ခုနှစ်ထက် ၄၀% လျော့နည်းခဲ့ပြီး အလုံးရေ ၁,၀၀၀ မပြည့်ချေ။

ဈေးမြင့်သဖြင့် အရောင်းနှေးသည်။ ၂၀၂၃ ခုနှစ် တနှစ်တာတွင် အလုံးရေ ၂၉၀ ခန့်သာ ရောင်းထွက်ခဲ့သည်။ ပြီးခဲ့သည့် ၅ နှစ်တာတွင် အနည်းဆုံး အရေအတွက် ဖြစ်ပြီး ၂၀၂၂ ခုနှစ်ထက် ၇၀% လျော့ကျသွားသည်။

 

 အိမ်ခြံမြေအတိုင်ပင်ခံ DKRA ၏ အဆိုအရ ယမန်နှစ်တွင် ဗီလာနှင့် တောင်းဟောက်စ်များတွင်  အမြင့်ဆုံးစျေးနှုန်းမှာ ဒေါင် ၆၀ ဘီလီယံဖြစ်ပြီး အနိမ့်ဆုံးမှာ ဒေါင် ၇.၃ ဘီလီယံ ဖြစ်သည်။

“ဈေးကြီးမြင့်တဲ့ ဗီလာနှင့် တောင်းဟောက်စ်တွေ ရှားပါးလာတယ်။  ချမ်းသာတဲ့သူတွေကို အဓိကထားပြီး ရောင်းကြတယ်”ဟု DKRA က ပြောကြားသည်။ 

 

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Avison Young မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဗီလာနှင့် တောင်းဟောက်စ်များ၏ တစ်စတုရန်းမီတာ  ပျမ်းမျှစျေးနှုန်းမှာ ကန်ဒေါ်လာ ၇၀၀၀-၉၀၀၀ ဖြစ်သည်။

 

 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Residential Read 526 times