အရှေ့တောင်အာရှ မြို့ကြီး ၉ မြို့တွင် ဟိုချီးမင်းစီးတီး တိုက်ခန်းစျေးနှုန်းနှင့် ဝင်ငွေအချိုး အများဆု


21 December, 2023

အရှေ့တောင်အာရှ မြို့ကြီး ၉ မြို့တွင် ဟိုချီးမင်းစီးတီး တိုက်ခန်းစျေးနှုန်းနှင့် ဝင်ငွေအချိုး အများဆုံး 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


ဗီယက်နမ်နိုင်ငံမှ ဟိုချီမင်းစီးတီးသည် အရှေ့တောင်အာရှ မြို့ကြီး ၉ မြို့တွင် တိုက်ခန်းစျေးနှုန်းနှင့် ဝင်ငွေအချိုးအစား အမြင့်မားဆုံး ဖြစ်သည်။ 

စျေးနှုန်းမှတ်တမ်းတင် ပလက်ဖောင်း Numbeo က အရှေ့တောင်အာရှ မြို့ကြီး ၉ မြို့တွင် စစ်တမ်းကောက်ခံခဲ့ရာ တိုက်ခန်းစျေးနှုန်းနှင့် ဝင်ငွေအချိုးမှာ- 

• ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးသည် ၃၆ 
• ဖိလစ်ပိုင်နိုင်ငံ မနီလာသည် ၃၅.၇
• ထိုင်းနိုင်ငံ ဘန်ကောက်သည် ၃၁.၈
• ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်သည် ၂၉ 
• အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသည် ၂၀ 
• ဗီယက်နမ်နိုင်ငံ ဟနွိုင်း သည် ၁၈.၅ ဖြစ်ပါသည်။
ဖြစ်ပါသည်။

တိုက်ခန်းစျေးနှုန်းနှင့် ဝင်ငွေအချိုး များလေ တိုက်ခန်းဝယ်ဖို့ ငွေကြေးလက်လှမ်းမီဖို့ ပိုဝေးလေ ဖြစ်ပါသည်။


ဟိုချီးမင်းစီးတီး မြို့လယ်ပိုင်းတွင် တိုက်ခန်းဈေးနှုန်းမှာ တစ်စတုရန်းမီတာ ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ ၄၇၀၀ ဖြစ်ပြီး မနီလာထက် ၇.၂% ပိုများသည်။

တိုက်ခန်းဈေးနှုန်းနှင့် တစ်နှစ်စာ အိမ်လခ အချိုးအစား ဖြစ်သည့် ဈေးနှုန်းနှင့် ငှာရမ်းခ အချိုးအစားအရ ကြည့်လျှင်လည်း မြို့ကြီး ၉ မြို့ မြို့လယ်ပိုင်း တိုက်ခန်းတွင် ဟိုချီးမင်းစီးတီးသည် အချိုးအစား အများဆုံးဖြစ်သည်။ အချိုး ၃၇ ရှိသည်။
 ဒုတိယနေရာမှ ဘန်ကောက်သည် ၃၁.၈ ရှိပြီး တတိယနေရာမှ စင်ကာပူသည် ၃၀.၃ ရှိသည်။ 

ဟိုချီးမင်းစီးတီးတွင် အကျယ်အဝန်း ၇၀ စတုရန်းမီတာ၊ န အိပ်ခန်းနှစ်ခန်းနှင့် ရေချိုးခန်းအိမ်သာ နှစ်ခန်းပါ  အလယ်အလတ်တန်းစား တိုက်ခန်းတစ်ခန်း၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါင် ၄-၅ ဘီလီယံ ဖြစ်ပါသည်။ 
Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Read 264 times