ဟနွိုင်းတွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ စမတ်စီးတီးစီမံကိန်း စတင်


12 November, 2023

ဟနွိုင်းတွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ စမတ်စီးတီးစီမံကိန်း စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် စနေနေ့ (နိုဝင်ဘာလ ၁၁)မှာ စမတ်စီးတီးစီမံကိန်းကို စတင်ပါသည်။
စီမံကိန်း မြေဧရိယာမှာ ၂၇၂ ဟက်တာ ကျယ်ဝန်းပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်မည် ဖြစ်ပါသည်။


အဆိုပါ စီမံကိန်းကို ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီစုကြီး BRG Group နှင့် ဂျပန်နိုင်ငံမှ Sumitomo Corporation တို့ ပူးပေါင်းဆောင်ရွက်ကာ အကောင်အထည်ဖော်ပါသည်။

အာရှတွင် ထိပ်တန်းအဆောက်အအုံများ ပါဝင်သော ခေတ်မီမြို့ဖြစ်လာရန် မျှော်မှန်းထားသည်။
 
 စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် ဟနွိုင်း ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Duong Duc Tuan က ဟနွိုင်းမြောက်ပိုင်းရှိ စမတ်စီးတီး စီမံကိန်းကြီးသည်  စမတ် စွမ်းအင်၊ စမတ် သယ်ယူပို့ဆောင်ရေးပုံစံများ၊ စမတ် လူနေမှုပုံစံများ၊ စမတ် စီမံခန့်ခွဲမှု၊ စမတ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စမတ်ပညာရေးဝန်ဆောင်မှုများနှင့် စီးပွားရေးတို့ကို အသုံးပြုထားမည်ဟု ပြောကြားခဲ့သည်။
သို့ဖြစ်ရာ မြို့ပြများတွင် တွေ့ကြုံကြရသည့် ယာဉ်ကြောကျပ်ခြင်း၊ ယာဉ်ရပ်နားရန် နေရာရဖို့ ခက်ခဲခြင်းတို့အပါအဝင် စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို စမတ်နည်းလမ်းများဖြင့် ဖြေရှင်းပေးထားမည် ဖြစ်သည်။ 

စီမံကိန်း၏ သိသာထင်ရှားသည့် ထူးခြားချက်မှာ ၁၀၈ ထပ်ရှိသော ငွေကြေးဝန်‌ေဆာင်မှုများအတွက် မိုးမျှော်တိုက် ဖြစ်ပါသည်။

စမတ်စီးတီး စီမံကိန်းကြီးကို အဆင့် ၅ ဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၂၀၃၂ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် ပြီးစီးမည် ဖြစ်ပါသည်။

Smart City စီမံကိန်း ပြီးစီးပါက လူဦးရေ ၂၀,၀၀၀ ကျော် နေထိုင်နိုင်မည် ဖြစ်သည်။

Source Tuoi Tre News
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Region Read 385 times