HAGL Groupက မြန်မာနိုင်ငံတွင်လုပ်ဆောင်နေသည့်စီးပွားရေး လုပ်ငန်းများအားတစ်နေရာထဲလေ့လာကြည့်ရှု့နိုင်


04 December, 2020

HAGL Myanmar သည်ကမ္ဘာ့အဆင့်မှီရုံးခန်းများပါဝင်သော Myanmar Centre Tower(Office)၊ကြယ်ငါးပွင့်အဆင့်ရှိMelia Hotel နှင့်အဆင့်မြင့်ကွန်ဒိုအဆောက်အဦးသုံးလုံးပါဝင်သောThe Lake Suites(Residence) စီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ဗီယက်နမ်Hoang Anh Gia Lai (HAGL) Group က မြန်မာနိုင်ငံတွင်လုပ်ဆောင်နေသည့်စီးပွားရေးလုပ်ငန်းများ၊ဝန်ဆောင်မှုများအကြောင်းများအားလုံးကိုတစ်နေရာထဲ လေ့လာကြည့်ရှု့နိုင်မည့် www.hagl.com.mm ဝက်ဆိုဒ်ကိုဇူလိုင်(၁၄)ရက်တွင်ထပ်မံမိတ်ဆက်ခဲ့သည်။


အဆိုပါဝက်ဆိုဒ်ကို၂၀၁၅ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့သော်လည်းယခုအခါMyanmar Plaza သတင်းအချက်အလက်များကိုပါလေ့လာနိုင်မည့်Myanmar Plaza New Feature အသစ်ကိုပါထပ်ဖြည့်သွင်းသည့်အတွက်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။


ထပ်မံမိတ်ဆက်သည့်ဝက်ဘ်ဆိုက်တွင်HAGL အုပ်စုကအကောင်အထည်ဖော်သည့် မြန်မာပလာဇာဝန်ဆောင်မှုများ၊ဆိုင်ခန်းများ၏ပရိုမိုးရှင်အစီအစဉ်များ၊ မြန်မာပလာဇာ၏Member များအတွက်အထူးအစီအစဉ်များကိုစဉ်ဆက်မပြတ်ဝင်ရောက်လေ့လာနိုင်ရန်

www.myanmarplaza.com.mm  ဝက်ဆိုဒ်အသစ်ကိုထည့်သွင်းရေးဆွဲထားကြောင်းသိရသည်။

“ဒီဝက်ဆိုဒ်အသစ်မှာ မြန်မာပလာဇာရဲ့ပွဲသတင်းတွေ၊အရောင်းဆိုင်များရဲ့ပရိုမိုးရှင်းအစီအစဉ်တွေ၊ဝင်ရောက်လေ့လာနိုင်မယ့်အပြင်စားသောက်ဆိုင်၊ဘားများရဲ့အသေးစိတ်အချက်အလက်များကိုလဲဝင်ကြည့်လို့ရပါတယ်”ဟု HAGL Myanmar ၏PR Manager ဖြစ်သူမဇင်မာသက်မွန်ကပြောသည်။


“အခုဆိုဒ်အသစ်ကရုံးခန်းဌားမယ်ဆိုရင်ရုံးခန်းရဲ့အကျယ်အဝန်း၊ ဈေးနှုန်း၊ပါဝင်တဲ့အသုံးအဆောင်ပစ္စည်းတွေအကုန်အသေးစိတ်ထည့်သွင်းပေးထားတယ်၊ကွန်ဒိုတွေကိုလဲဒီအတိုင်းပဲကြည့်ရှုနိုင်တယ်။

အဟောင်းနဲ့ကွာခြားသွားတာကအားလုံးကတစ်နေရာထဲမှာတစ်စုတစ်စည်းထဲကြည့်နိုင်အောင်လုပ်ထားပေးတယ်”ဟုHAGL Myanmar၏Market Manager ဟန်ဆုရည်ကပြောသည်။


ဗီယက်နမ်အခြေစိုက်HAGL Groupသည်လက်ရှိတွင်စီမံကိန်း၏အပိုင်း(၂)တွင်ရုံးခန်းတာဝါအဆောက်အဦးနှစ်လုံး၊ ရှောပင်းစင်တာအသစ်တစ်ခု၊The Lake Suites ဟုအမည်ရသည့်အခန်းပေါင်း၃၆၀ပါဝင်မည့်အဆောက်အအုံနှစ်လုံး၊

အခန်းပေါင်း၆၄၇ခန်းပါဝင်သည့်အဆောက်အအုံတစ်လုံးစသောစီမံကိန်းသစ်ကြီးကို မြေဧရိယာ၃၇၈၁၆ဒသမ၅၅စတုရန်းမီတာပေါ်တွင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

Local Mixed Use and Urban Read 61 times