အဘူဒါဘီဂူဂင်ဟိုင်း ပြတိုက် ၂၀၂၅ ပြီးစီးမည်


09 October, 2021

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)မှ Saadiyat Island ကို ယဉ်ကျေးမှုခရိုင်နယ်မြေတစ်ခုအဖြစ် ဖွံ့ဖြိုးရေး လုပ်ဆောင်လျက် ရှိပြီး အဆောက်အဦများ ဆောက်လုပ်ဖြည့်တင်းလျက် ရှိပါတယ်။

 

 

အဲဒီကျွန်းပေါ်မှာ မြေဧရိယာ ၄၂,၀၀၀ စတုရန်းမီတာ အကျယ်အဝန်းပေါ်မှာ ယဉ်ကျေးမှု အနုပညာပြတိုက်တစ်ခုကို Guggenheim Abu Dhabi  အမည်ဖြင့် ဆောက်လုပ်ဖို့ အစီအစဉ်ကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က တင်ပြခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဆောက်လုပ်ရေး စတင်ခဲ့ပြီး အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင်ခဲ့ပါတယ်။ အဲဒီပြတိုက်ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်ဖို့ လျာထားပါတယ်။


ခေတ်ပေါ်အနုပညာပြတိုက်အဖြစ် ရပ်တည်တဲ့ ဂူဂင်ဟိုင်း ပြတိုက် Guggenheim Museum တွေထဲမှာတော့ အဘူဒါဘီ ဂူဂင်ဟိုင်း ပြတိုက် Guggenheim Abu Dhabi က အရွယ်အစား အကြီးမားဆုံး ဖြစ်ပါတယ်။

အခြားနေရာများတွင် တည်ရှိနေသည့် Guggenheim ပြတိုက်များ

 

  • The Solomon R. Guggenheim Museum
    နယူးယောက်(၁၉၃၇ ဖွင့်လှစ်) အမေရိကန်နိုင်ငံ
  • The Guggenheim Museum Bilbao
    ဘေလ်ဘာလို (၁၉၉၇ ဖွင့်လှစ်) စပိန်
  • The Peggy Guggenheim Collection
    ဗင်းနစ် (၁၉၅၁ ဖွင့်လှစ်) အီတလီ


Guggenheim Abu Dhabi ပြတိုက်မှာ အနုပညာလက်ရာတွေအပြင် ကလေးတွေအတွက် ပညာရေးဆိုင်ရာ အထောက်အကူများဖြစ်ကြတဲ့ စာကြည့်တိုက်၊ ဓာတ်ခွဲစမ်းသပ်ခန်း အစရှိတာတွေလည်း ထားရှိပေးထားမှာ ဖြစ်ပါတယ်။ 

ပြတိုက်ရဲ့ လုပ်ငန်းဆောင်တာ အဝဝ တို့ကို Guggenheim Foundation မှ တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပြီး စီမံကိန်းအတွက် အကုန်အကျခံတဲ့ Abu Dhabi's Tourism Development & Investment Company က ပိုင်ဆိုင်ပါတယ်။ 

 Abu Dhabi ကို ခရီးသွားလုပ်ငန်းအတွက် အနုပညာဆိုင်ရာ လာရောက်လည်ပတ်စရာနေရာတစ်ခု ဖြစ်ဖို့ ဦးတည်ပြီး အကောင်အထည်ဖော်လျက် ရှိတာမှာ Saadiyat Island ကို ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ နေရာတစ်ခုအဖြစ် ထားရှိမှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 


 

Region Read 187 times