ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပန္နက်တင်ခြင်း အခမ်းအနား ကျင်းပ

26 December, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အင်းစိန်မြို့နယ်၊ ဗဟိုလမ်းမ၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပန္နက်တင်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်အတွင်းရှိ မြေ ၁၇ ဧကကျယ်ဝန်းသည့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို သီလဝါအများပိုင်ကုမ္ပဏီ (MTSH) ကို Preferred Developer အဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
 MTSH ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် မြန်မာဘက်မှ ပါဝင်ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပြီး အများပြည်သူရှယ်ယာ ၁၇,၀၀၀ ကျော်ပါဝင်ထားသည်။


ကြို့ကုန်းအိမ်ရာကို ၁၉၅၂ တွင် တည်ဆောက်ခဲ့ပြီး ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ် ရာ၊ ရန်ကင်း ၁၂ လုံးအိမ်ရာတို့ နှင့်အတူ အငှားအိမ်ရာအဖြစ် ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  ပြည်သူ့အိမ်ရာများ အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းများအနက် တစ်ခုဖြစ် သည်။ 
စီမံကိန်းအဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများ စိစစ်ရွေး ချယ်ခြင်းကို Yangon Metropolitan Development အများ ပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့သည်။
ယင်းစီမံကိန်းသည် ကျပ် ၁၇၈ ဘီလီယံ တန်ဖိုးရှိပြီး ထို အိမ်ရာအတွင်း နေထိုင်သူများကို ပြန်လည်နေရာချထားရေး အငှား အိမ်ရာများဆောက်လုပ်ရန်၊ တန် ဖိုးသင့်၊ တန်ဖိုးမျှအိမ်ရာ၊ ဈေး ဝယ်စင်တာနှင့် စီးပွားရေးအဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်သည်။

 

ကြို့ကုန်းအိမ်ရာစီမံကိန်သည်   အင်းစိန်လမ်းမနှင့် ဗဟိုလမ်းမအကြားမှာ   တည်ရှိပြီး   အနောက်ကြို့ကုန်းဧရိယာအတွင်းမှာ တည်ရှိသည်။ အကျယ်အဝန်း ၁၇ ဧကခန့်ရှိသည့် စီမံကိန်းမြေနေရာတွင် ငွေကျပ်  ၁၇၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး MTSH  ကုမ္ပဏီက  တည်ဆောက်မည် ဖြစ်သည်။

ကြို့ကုန်းအိမ်ရာ အကောင်အထည်ဖော်သည့်အခါ  လက်ရှိအိမ်ရာအတွင်း   ပိုင်ဆိုင်နေထိုင်သူများ  နေရာပြန်လည်ချထားပေးရေး၊ ဆောက်လုပ်သည့်အခါ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတ   အိမ်ရာခန်းများ ပေါ်ထွက်လာရေးတို့ကို လည်း   အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး အဆောက်အအုံ အရည်အသွေးနှင့် ကြံ့ခိုင်မှု ရှိရေးတို့ကိုလည်း  စိစစ်မှုများ  ပြုလုပ်သွားမည် ဖြစ်သည်။

 

အငှားအိမ်ရာ အဟောင်းများကို ဖြိုချပြီး အသစ်တည်ဆောက်နေချိန်တွင်  လက်ရှိနေထိုင်သူတွေ ဖယ်ရှားပေးရမှာ ဖြစ်ပြီး  တည်ဆောက်နေသည့် စီမံကိန်းကာလအတွင်း ပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းဒေသကြီး အစိုးရက စိုက်ထုတ်ပေးသည့်အစီအစဉ်ရှိထားကြောင်း သိရပါသည်။ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသွားသည့်အခါ  မဲစနစ်ဖြင့်  ပြန်လည်နေရာချထားပေးမှာ ဖြစ်ကြောင်း သိရပါသည်။
 

Public Housing Read 3296 times