Google က လန်ဒန်ရုံးအဆောက်အဦအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံ သုံးစွဲမည်


18 January, 2022

Google က လန်ဒန်ရုံးအဆောက်အဦအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံ သုံးစွဲမည်


ရိုက်တာသတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ထားရှိတဲ့ Google ရုံးအဆောက်အဦက Covent Garden အနီးရှိ Central Saint Giles မှာ တည်ရှိပါတယ်။
အဆောက်အဦအတွင်း အစည်းအဝေးခန်းများ၊ တစ်ဦးတည်း လုပ်ကိုင်ရန် အခန်းများ၊ အဖွဲ့လိုက် လုပ်ကိုင်ရန် အခန်းများ ဖွဲ့စည်းထားမှာ ဖြစ်ပါတယ်။ ပြင်ပလေထုထဲ လုပ်ကိုင်လိုသူများအတွက်လည်း အဆောက်အဦ အပြင်ဘက်မှာ အခန်းများ ထားရှိပေးထားမှာ ဖြစ်ပါတယ်။

 

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ ဘဏ္ဍာရေးမှူချုပ် CFO ဖြစ်သူ Ruth Porat က "ကျွန်တော်တို့ ယူကေမှာ လုပ်ကိုင်တာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဆိုတော့ ရုံးအဆောက်အဦ ထားသင့်ပါတယ်။ Central Saint Giles ကို ကျွန်တော်တို့ ဝယ်ယူလိုက်တာဟာ ဒီနိုင်ငံမှာ ကြီးထွားအောင်မြင်ဖို့ သံန္နိဌာန်ကို ဆက်လက်ကိုင်စွဲထားကြောင်း ထင်ဟပ်ပါတယ်" လို့ ပြောကြားပါတယ်။

 

ပြီးခဲ့တဲ့ ၂ နှစ်တာမှာ ရုံးမလာဘဲ အိမ်မှ အလုပ်လုပ်ခဲ့ကြပါတယ်။ ယခုလည်း Google က အိုမီခရွန် ဗိုင်းရပ်စ်ကြောင့် ယူကေမှာ ဝန်ထမ်းတွေကို မိမိဆန္ဒအလျောက် အိမ်မှ အလုပ်လုပ်စေပါတယ်။
Central Saint Giles မှာ ဝန်ထမ်း ၁၀,၀၀၀ အလုပ်လုပ်ဖို့ နေရာ ရှိပါတယ်။ ယူကေမှာ Google ခန့်ထားတဲ့ ဝန်ထမ်းက ၇,၀၀၀ ကျော်ပဲ ရှိပါတယ်။
ဒီတော့ ရုံးအဆောက်အဦဟာ လောလောဆယ်မှာ အပိုအလျှံ ဖြစ်နေပါတယ်။

 

ဒါပေမဲ့  Google က ကုမ္ပဏီပိုင် ရုံးအဆောက်အဦတွေ ထူထောင်နေပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်ဟာ ရုံးအဆောက်အဦကို အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံဖြင့် ဝယ်ယူခဲ့ပါတယ်။ ယခင်က နှစ်အတန်ကြာ ငှားရမ်းပြီး ရုံးခန်းဖွင့်လှစ်ထားရာမှ အပိုင်ဝယ်လိုက်တာ ဖြစ်ပါတယ်။

Googleက နယူယောက်မြို့တော်တွင် ရုံးခန်းအဆောက်အဦကို ဒေါ်လာ ၂.၁ ဘီလျံဖြင့် ဝယ်ယူ

Office and Retail Read 444 times