Golden Valley Cluster House


02 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းပထမဆုံးအကြိမ်ဆောက်လုပ်သောခြောက်ထပ်ပါအိမ်တစ်လုံးလျှင် ငွေကျပ်သိန်း ၃၀၀၀၀ ကျော်ကျသင့်သည့် ယင်းအိမ်ရာကိုဧပြီလ၇ ရက်တွင်စတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

ယင်းအိမ်ရာကိုရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ရွေတောင်ကြားလမ်းအမှတ်(၁၀)တွင်ဆောက်လုပ်ထားကြောင်းသိရသည်။
ရွှေတောင်ကြားထဲတွင် ခြံနှင့်အိမ် နေချင်သူများအတွက် အကန့်အသတ်များရှိလာခြင်း၊ High Class ကွန်ဒိုမှာနေသောသူများမှာလည်းမွန်းကျပ်မှုများရှိလာခြင်းတို့ကြောင့် Cluster House ကိုရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအဆောက်အအုံတွင် အိမ်ဆယ်လုံးပါဝင်မည်ဟု သိရသည်။
Cluster Houseတွင်နေအိမ်၁၀လုံးဆောက်လုပ်ထားပြီး ဧပြီ၇ရက်တွင်နေအိမ်သုံးလုံးကို စတင်ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ငလျင်ဇုန်နှင့် မုန်တိုင်းခံနိုင်မှုအားကိုလည်းထည့်စားထားပြီးလက်ရှိမြန်မာနိုင်ငံတွင် သတ်မှတ်ထားသောဇုန်များနှင့်ကိုက်ညီအောင်လည်းဆောက်လုပ်ပေးထားကြောင်းသိရသည်။
Cluster House အိမ်တစ်လုံးလျှင် ဧရိယာ ၇၀၀၀ sqftကျော်ရှိပြီး 1 sqft လျှင်ငွေကျပ် ၄ ဒသမ ၅ သိန်းမှ ငွေကျပ် ငါးသိန်းခန့်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
Source:Myawaddy newspaper

Events Read 69 times