မင်္ဂလာဒုံမြို့နယ်တွင် စတင်တည်ဆောက်မည့် ရွှေ၊ ကျောက်မျက်ရတနာနှင့် သတ္တုစင်တာ


08 November, 2020


ပြည်ပသို့ တရားဝင် ရောင်းဝယ်ဖောက်ကားနိုင်သော ရွှေ၊ကျောက်မျက်ရတနာ နှင့် သတ္တုစင်တာအား မင်္ဂလာဒုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစင်တာအား မြေဧက ၇ဝ မှ ၁ဝဝ ကြားရှိသော နေရာတစ်ခုတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နီးကပ်သည့် နေရာဖြစ်ရာ မြေနေရာချထားပေးမှု၊လုံခြုံရေးချထားမှု စသည့် ကိစ္စများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးတိုင်ပင်နေကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ ရှင်းပြကြောင်းသိရသည်။

မင်္ဂလာဒုံတွင်တည်ဆောက်နေစဉ် ယာယီအနေဖြင့် ၆မိုင်အနီးဝန်းကျင်တွင်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီ ရွှေ၊ကျောက်မျက်အချောထည်နှင့် ရွှေ နှင့် ပြုလုပ်ထားသော လက်ဝတ်ရတနာ များ၊ သတ္တုများကိုရောင်းဝယ်သောဈေးကွက်လုပ်ရန်ဖြစ်ကြောင်းသိရသည်။

ရွှေ၊ကျောက်မျက်ရတနာနှင့် သတ္တုစင်တာများကို ရန်ကုန်မြို့အပါအဝင် နေပြည်တော်နှင့် မန္တလေးတို့တွင် လည်း တည်ဆောက်သွားမည်ဖြစ်ပြီး

စီမံကိန်းကာလမှာ ၁နှစ်မှ ၂နှစ်အတွင်းဖြစ်ကြောင်း၊ဈေးကွက်ပေါ်ပေါက်ရန်အတွက် ရန်ကုန်မင်္ဂလာဒုံမြို့နယ်တွင် စင်တာတည်ဆောက်နေစဉ် အတွင်း ယာယီအဖြစ် လှိုင်မြို့နယ်ရှိ ၆မိုင် အနီးဝန်းကျင်တွင် ဖော်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကျောက်မျက်ရတနာ အချောထည်စက်ရုံများပေါ်ပေါက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊နယ်စပ်မှ မှောင်ခိုသွားနေသော

ရွှေ၊ကျောက်မျက်ရတနာ နှင့် သတ္တု များမှာလည်း တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိလာခြင်း၊အရောင်းအဝယ်ပြုလုပ်သည့်ပမာဏအတိအကျသိရှိမည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အခွန်များရရှိလာနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဈေးကွက်ဖြစ်မြောက်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဦးဆောင်ပြီး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊မြန်မာနိုင်ငံတော်ဗဟို ဘဏ်နှင့် အခြားဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

၂၄နာရီနှင့် တစ်နှစ်ပတ်လုံးရောင်းဝယ်နိုင်သော ရွှေနှင့်ကျောက်မျက်ရောင်းဝယ်ရေးစင်တာများ ဖွင့်လှစ်ရန် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းထားကြောင်း၊ရောင်းဝယ် ထုတ်လုပ်မှု၊နိုင်ငံခြားပို့ရန်၊အခွန်ဆောင်ရန် အတွက်တစ်နေရာတည်းအဆင်ပြေရန်တည်ဆောက်ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုနည်းတူ ဆက်စပ်နေသောလက်မှုလုပ်ငန်းများ အခြားဝန်ဆောင်မှုလုပ်ငန်းများ အား ယင်းနေရာတွင်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ကြောင်း၊မြန်မာနိုင်ငံဈေးကွက်ပေါ်လာပြီး

ကုန်ပစ္စည်းများလည်း တန်ဖိုးရှိလာစေရန် ဖြစ်ကြောင်းသိရသည်။

ယင်းဈေးကွက်အတွင်းသို့ပြည်ပနိုင်ငံပေါင်း ၃ဝဝန်းကျင်မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ရှန်ဟိုင်းရွှေစတော့အိတ်ချိန်း၊ အမေရိကန်ရွှေစတော့အိတ်ချိန်းတို့နှင့် ဆွေးနွေး ညှိနှိုင်းမှုများ

ပြုလုပ်ထားကာ စင်ကာပူ Gold Market Association နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားကြောင်း ကိုရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

imyanmar House

Local Office and Retail Read 34 times