နောင်ချိုမြို့အနီးက ဂုတ်တွင်းတံတား ပြုပြင်မည်


14 August, 2019


နောင်ချိုမြို့အနီးက ဂုတ်တွင်းတံတားမှာ အကုန်နီးပါးပျက်ဆီးနေပြီး ဘေးတွေလည်း ပွင့်ထွက်နေပါတယ်။

" ကားတွေလည်း သွားလို့မရဘူး။ တံတား တဖက်စီမှာလည်း ကားတွေ ရပ်ထားရတယ် ” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားထားပါတယ်။
 
၎င်းလမ်းပိုင်းရှိ တိုးဂိတ်များမှ ဝန်ထမ်းများအားလုံးကို သက်ဆိုင်ရာကုမ္ပဏီများက လုံခြုံရေးအရ ပြန်ခိုင်းလိုက်ကာ ဂုတ်တွင်းလမ်းပေါ်တွင် ယာဉ်တန်းများ ပိတ်ဆို့လျက်ရှိပါတယ်။

ဂုတ်တွင်းတံတားဟာ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကြားမှာ တည်ရှိပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါပြီး တရုတ်-မူဆယ် လမ်းမကြီးအတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အဆိုပါလမ်းပိုင်းကို အသုံးပြုကာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်ကို သွားရောက်တာဖြစ်ပါတယ်။

တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း ၎င်းစခန်းနှစ်ခုကနေပဲ ကုန်သွယ်တာလည်း ဖြစ်ပါတယ်။

လက်တလောမှာတော့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားတဲ့အတွက် နှစ်လမ်းသွားဘေလီတံတားကို ငါးရက်အတွင်းတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် နှစ်လမ်းသွားဘေလီတံတားတည်ဆောက်ဖို့ တံတားသံဘောင်တွေကို  စတင်ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သယ်ယူနေတာကို တွေ့ရပါတယ်။

Region Read 33 times