ဂုတ်ထိပ်တံတားတည်ဆောက်ရန် တင်ဒါခေါ်ယူသော်လည်း စိတ်ဝင်စားသော ကုမ္ပဏီမရှိ


26 September, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တံတားဦးစီးဌာန က တာဝန်ယူဆောင်ရွက်မည့် ဂုတ်ထိပ်တံတား တည်ဆောက်ခြင်းနှင့် နောင်ချိုတံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်း PPP စီမံကိန်းအတွက် စိတ်ဝင်စားမှုလျှောက်လွှာ(EOI)ကို အောက်တိုဘာ ၂၈ ရက် နောက်ဆုံးပေးပို့ရန် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြော်ငြာခဲ့ပြီး

အဆိုပါ နောက်ဆုံးရက် မတိုင်မီ စိတ်ဝင်စားမှုလျှောက်လွှာ(EOI) တင်သွင်းသောကုမ္ပဏီများ မရှိပါကြောင်း တရားဝင် ထုတ်ပြန်ကြေညာပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြင်းခုံးသဏ္ဌာန်ရှိသော ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်အနောက်မြောက်ပိုင်း ပြင်ဦးလွင်မြို့ နှင့် လားရှိုးမြို့အကြားတွင် တည်ရှိသည်။

မြန်မာပြည်တွင် အမြင့်ဆုံးတံတားဖြစ်ပြီး ကမ္ဘာ့မြင်းခုံးမီးရထား တံတားများအနက် ဂုတ်ထိပ်တံတားကို ဗြိတိသျှအင်ပါယာ၏ ထုတ်ကုန်များကို ဖြန့်ဖြူးရန်ရည်ရွယ်ချက်ဖြင့်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ ၁၈၉၉ ခုနှစ်တင်စတင်ဆောက်လုပ်၍ ၁၉၉၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

Region Read 52 times