ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတား တည်ဆောက်တော့မည်


10 January, 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတားကို ဂုတ်ထိပ်တံတားအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး မှန်တံတားနှင့်အတူ အပန်းဖြေစီမံကိန်း စခန်းတစ်ခုကိုပါ တည်ဆောက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးမှန်တံတားဖြစ်သော ဂုတ်ထိပ်တံတား စီမံကိန်း၏ တည်ဆောက်မှု အပိုင်းကို တရုတ်နိုင်ငံ မှ ပညာရှင်များအား ခေါ်ယူ၍ ချယ်ရီမူဆယ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်သည်။ မှန်တံတား စီမံကိန်း၏ တည်ဆောက်မည့် ကာလမှာလဲ ကိုဗစ်-၁၉ ကာလအလွန်မှသာ လာရောက်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

MOI

Local Read 950 times