Global Construction Dispute ၂၀၁၇ စာတမ်းအရ  ဆောက်လုပ်ရေးဆိုင်ရာ အငြင်း ပွားမှု ဖြစ်စေတဲ့အကြောင်းများ


16 November, 2019

အများအားဖြင့် စာချုပ်ထဲမှာ ပါဝင်သူတွေဖြစ်တဲ့ ပိုင်ဆိုင်သူ (owner) နှင့် ကန်ထရိုက်တာ (contractor) တို့ထဲက တစ်ဦးဦးက စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်ရာကနေ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာလေ့ရှိပါ တယ်။

စာချုပ် ချုပ်ဆိုရာမှာလည်း အငြင်းပွားမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုအငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့ ပရောဂျက်မှာပါဝင်သူတွေ (Project team) က စာချုပ်ပါ အချက်အလက်တွေကို သေချာနားလည်ဖို့ လိုအပ် ပြီး အတိုင်းအတာတစ်ခုအထိ အချိန်ပေးညှိနှိုင်း ဖြေရှင်းမှုတွေ ဂရုတစိုက် လုပ်သင့်ပါတယ်။

Global Construction Dispute ရဲ့ ၂၀၁၇ စာတမ်းအရ ယေဘုယျအားဖြင့် ဆောက်လုပ်ရေးဆိုင်ရာ အငြင်း ပွားမှု ဖြစ်စေတဲ့အကြာင်းအရင်းတွေကတော့

၁။ မတိကျ မသေချာခြင်း။

၂။ စာချုပ် ချုပ်ဆိုခြင်းနှင့်ဆိုင်သော ပြဿနာများ။

၃။ ပရောဂျက်တွင်ပါဝင်သူများ (Project Member) ၏ ပြုမူပြောဆိုမှု။

၄။ ပူးပေါင်းညီညွတ်မှု ကင်းမဲ့ခြင်း။

၅။ ပရောဂျက် စီမန်ခန့်ခွဲမှု စွမ်းဆောင်ရည် မပြည့်ဝခြင်း။

၆။ ပရောဂျက်တွင်ပါဝင်သူများ (Project Parties) ၏ ရည်ရွယ်ချက် ပန်းတိုင်မတူညီခြင်း။

၇။ ဆောက်လုပ်ရေးလုပ်ငန်း နှောင့်နှေးမှုရှိခြင်း။

၈။ ပုံစံမှားယွင်းမှု ( Design Error)။

၉။ အင်ဂျင်နီယာများ၊ လုပ်သားများ၏ သဘောထား။

၁၀။ ပုဂ္ဂိုလ်ရေးနှင့် ယဉ်ကျေးမှု။

၁၁။ လုပ်ငန်းသဘောတရား ရှုပ်ထွေးမှု။

၁၂။ အရည်အချင်းနှင့် အရည်အသွေး မပြည့်ဝမှု။

၁၃။ လုပ်ငန်းခွင်အခြေအနေ။

၁၄။ တင်ဒါ စာရွက်စာတမ်း (Tender Documents)

၁၅။ ဆောက်လုပ်နေစဉ်ကာလအတွင်း ပိုင်ဆိုင်သူ (owner) က အပြောင်းအလဲတွေလုပ်တာကြောင့်။

၁၆။ Value Engineering

၁၇။ ပရောဂျက်အချိန်ဇယားနှင့်ကြာချိန် (Acceleration of the project and Time Schedule)

အထက်ပါ အကြောင်းအရာတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အငြင်းပွားမှုဖြစ်ရတဲ့ အဓိကအချက်တွေပဲဖြစ်ပါတယ်။

Source: Poe Phyu & Associates Law

How To Laws and Regulations Read 92 times