မှန်တံခါးနှင့် အလူမီနီယံများအကြောင်း သိကောင်းစရာ


16 September, 2019

 

အဆောက်အအုံတစ်ခုတည်ဆောက်ပြီးစီး၍ တံခါးတပ်ဆင်မဲ့သူများအနေဖြင့် ဘယ်လိုတံခါးအမျိုးအစးကိုသုံးရမလဲခေါင်းစားမနေပါနဲ့ ခေတ်မီမီတပ်ဆင်ချင်ပါက ဘယ်လိုတံခါးအမျိုးအစားကိုအသုံးပြုသင့်လဲဆိုတာကို အောက်မှာဖော်ပြ‌ေပးထားပါတယ်။

အလူမီနီယံမှန်တံခါးများ ပြတင်းပေါက်များကို ယခုအခါတွင် ဆိုင်များ၊ ကုမ္ပဏီရုံးခန်းများ၊ ကွန်ဒိုမီနီယံတိုက်ခန်းများ၊ စားသောက်ဆိုင်များ၊ နေအိမ်များ၊ တိုက်ခန်းများတွင် အများအပြားတပ်ဆင်အသုံးပြုနေကြပြီဖြစ်ပါတယ်။

အလူမီနီယမ်ပေါင်ကွပ်ထားသောတံခါးများမှာ တပ်ဆင်လိုသူအကြိုက်အတိုင်းအတာ အရွယ်အစားအတိုင်း အလူမီနီယံ၊ မှန်နှင့်အခြားသော ပစ္စည်းများကိုပေါင်းစပ်ကာ ပြည်တွင်းတွင် တပ်ဆင်ပြုလုပ်လျက်ရှိကြပါတယ်။

မှန်အပြည့်တပ်ဆင်သောတံခါးများကိုမှု မှန်ကိုအချပ်လိုက်ပြည်ပမှ မှာယူကာ ပြည်တွင်းတွင် တပ်ဆင်အသုံးပြုကြခြင်းဖြစ်ပါတယ်။

အလူမီနီယံပေါင်ကွပ်တံခါးများတွင် လျှောထိုး(Sliding) ၊ ပတ္တာတပ်(Casement)နှင့် ချပ်တံခါး (Swing Door)ဟူသော အမျိုးအစားများ ပြုလုပ်ထားပါတယ်။

ပြတင်းပေါက်များအတွက်မူ တရုတ်ကပ်မှန်တံခါးများနှင့် အလူမီနီယံပေါင်ကွပ်တံခါးသုံးမျိုးကို ပြုလုပ်တပ်ဆင်ခြင်း တွေ့ရပါတယ်။

ဤတံခါးနှင့်ပြတင်းပေါက်များကို အလူမီနီယံ၊ မှန်နှင့်အခြားလိုအပ်သောပစ္စည်းများ ပေါင်းစပ်ကာ ဆင်ယူခြင်းဖြစ်ရာ ကုန်ကျစရိတ်သည် ပါဝင်သည့်ပစ္စည်းများ၏ တန်းဖိုးနှင့်တပ်ဆင်ခြင်း လက်ခနှစ်ရပ်ပေါင်းဖြစ်ပါတယ်။

အလူမီနီယံကုန်ကြမ်းများကို ၁'x ၁'အထူမှ ၁'x ၄'အရွယ်အထိ ပေ ၂၀ ချောင်းများအဖြစ်ဝယ်ယူရရှိနိုင်ပါတယ်။ အလူမီနီယံအမျိုးအစားပေါင်း ၂၀ ခန့်ကို ဈေးကွက်တွင် ရရှနိုင်ပါတယ်။

မှန်ကိုမူ မှန်ကြည်၊ ကာလာမှန်နှင့် ရောင်ပြန်မှန်ဟူ၍ အမျိုးအစားသုံးမျိုး ဝယ်ယူရရှိနိုင်ပါတယ်။ အထူမှာ ၂ မီလီမီတာမှ ၁၂ မီလီမီတာအထိ ရရှိနိုင်ပါတယ်။

မှန်ချပ်တံခါးများအနေဖြင့် ၇ပေ x ၃ပေနှင့် ၇ပေ x ၃ပေ ၆လက်မ အရွယ်အစားရှိသော မှန်ချပ်များဖြင့်သာ အဆင်သင့်ဝယ်ယူတပ်ဆင်နိုင်ပါတယ်။ အကယ်၍ တံခါးပေါက်အနေဖြင့် နေရာများပိုနေပါက အလူမီနီယံသို့မဟုတ် မှန်ဖြင့်ဖြည့်၍ ပိုးကြရသကဲ့သို့ မဆံပါကလည်း သုံးစွဲသူက အရွယ်အစားအတိအကျရယူလိုပါက ပြည်တွင်းရှိကုမ္ပဏီများမှ တစ်ဆင့်ပြည်ပမူရင်း ကုမ္ပဏီများသို့ မှာယူကာ တပ်ဆင်ခြင်းလည်းပြုလုပ်နိုင်ပါတယ်။

အလူမီနီယံလုပ်ငန်းများအနေဖြင့် လာရောက်အပ်နှံသော အပ်ထည်၏နေရာအကျယ်အဝန်း၊ အဆောက်အအုံပုံစံပေါ်မူတည်၍ ဒီဇိုင်းပုံစံရေးဆွဲပြီး အပ်နှံသူထံ ပြသကြပါတယ်။ အပ်နှံသူက သဘောတူပါက ပြုလုပ်တပ်ဆင်ခြင်း ဆောင်ရွက်ပေးနိုင်ပြီးဖြစ်ပါတယ်။

ဦးမေအောင် B.E.(Civil)

How To Read 261 times