မိုးထိတိုက်တွေပေါ်မှ မှန်တံတား


01 March, 2020

မိုးထိတိုက်တွေပေါ် ထိုးထားတဲ့ မှန်တံတားက ရှည်ရှည်လျားလျား ဖြစ်နေပြီး

တုံးလုံးလဲနေတဲ့ပုံ ဖြစ်နေတာမို့ ရေပြင်ညီ မိုးထိတိုက် လို့ ခေါ်ကြတယ်။

တရားဝင် အမည်အမှန်က ခရစ္စတယ် "The Crystal" ဖြစ်ပါတယ်။ 

Moshe Safdie က ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။ စင်ကာပူချန်ဂီလေဆိပ်မှ Changi Jewel ကို ပုံဖော်ပေးခဲ့တာလည်း Moshe Safdie ဖြစ်ပါတယ်။

အခု မှန်တံတားကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပြီး အမြင့် မီတာ ၂၅၀ မှာ တည်ရှိတာမို့ တိုက်တာခေါင်မိုးပေါ် ထိုးတဲ့ တံတားတွေမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

ရေပြင်ညီ မိုးထိတိုက်လို့ အမည်ပေးခံရတဲ့ မှန်တံတားဟာ မီတာ ၃၅၀ ရှည်ပါတယ်။

  တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ Chongqing ရဲ့  Raffles City Chongqing မှာ ပါဝင်တဲ့ မိုးထိတိုက် ရှစ်လုံးမှာ လေးလုံး အပေါ်ထိပ်မှာ တင်ထားတဲ့ တံတား ဖြစ်ပါတယ်။ မှန်တံတားက နောက်ထပ် မိုးထိတိုက် နှစ်လုံးကိုလည်း ဆက်သွယ်ပေးထားပါတယ်။

 

 

တံတားကို ဖွင့်လှစ်ပြီးတဲ့အခါ လာရောက်သူတွေ အလွန်များပြားခဲ့ပါတယ်။ တံတားမှာ လမ်းလျှောက်တဲ့ အရသာ အတွေ့အကြုံကို ကြုံဖူးချင်လို့ လာကြတာ ဖြစ်ပါတယ်။

 Covid-19 ကြောင့် လူများလို့ မရတာမို့ တစ်နေ့ကို လူ ၃၀၀၀ ပဲ ကန့်သတ်ပြီး လက်ခံပါတယ်။

 

 

လာကြည့်ကြတဲ့သူတွေအတွက်  Exploration Deck တစ်နေရာ ဖန်တီးပေးထားတယ်။ အကျယ်အဝန်းက ၁၅၀၀ စတုရန်းမီတာ ရှိပါတယ်။ Chongqing မြို့နဲ့ ယန်စီမြစ်ကြီးတို့ကို အပေါ်စီးမှ ကြည့်လို့ရအောင် လဟာပြင်အဖြစ် ဒီဇိုင်းလုပ်ပေးထားတယ်။

 

 

Raffles City Chongqing မှာ လူနေတိုက်ခန်းတွေ၊ ကုမ္ပဏီ ရုံးခန်းတွေ၊ စူပါမားကက်တွေအပြင် ဗဟုသုတပြခန်းတွေလည်း ပါဝင်ပြီး  National Geographic နဲ့ ပူးပေါင်း စီစဉ်ထားတယ်။

Level 47 မှာ တကယ်လို့ လူတွေ အင်္ဂါဂြိုဟ်ပေါ်မှာ နေဖြစ်ရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာ ပြသထားတယ်။ level 1 မှာတော့ မီဂါမြို့တော် Chongqing  ရဲ့ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းကို ပြသထားတယ်။

ဥယာဉ်တစ်ခုကို ထားရှိပြီး အမြင့် ကိုးမီတာအထိ ရှိတဲ့ အပင် ၁၂၀ စိုက်ပျိုးထားတယ်။ 

ခရစ္စတယ်ကို တည်ဆောက်တာ အချိန် ၇ နှစ်ကြာမြင့်ခဲ့ပြီး ယွမ် ၂၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၃ .၄ ဘီလျဲံ )ခန့် ကုန်ကျခဲ့တယ်။ 

ကောင်းကင်တံတား ခရစ္စတယ်အတွက် စတီးတန်ချိန် ၁၂ ၀၀၀ တန် သုံးစွဲခဲ့တယ်။ မှန်ချပ် ၃၀၀၀ နဲ့ အလူမီနီယံအချပ် ၅၀၀၀ ခန့် သုံးစွဲထားတယ်။

 

၉ .၂ ဟက်တာ အကျယ်အဝန်းမှာ မိုးထိတိုက်တာတွေ တည်ဆောက်ထားပြီး ကြမ်းခင်း ဧရိယာ ၂၃၀ ၀၀၀ ရှိတဲ့ shopping mall တစ်ခု ပါဝင်တယ်။ လူနေတိုက်ခန်း ၁ ၄၀၀ ပါဝင်တယ်။ ဟိုတယ်တစ်ခု ပါဝင်ပြီး ရုံးခန်းအများအပြား ပါဝင်တယ်။

Global Read 48 times