ဟကာကာ ဆိပ်ကမ်းမှ သစ်ကုလားအုပ်ကြီး


28 July, 2021

ပတ်ဝန်းကျင် ရှုခင်းမှာ အမြင်မလှဖြစ်နေပေမဲ့ မသုံးမဖြစ်တဲ့အတွက် ထားရှိရတဲ့အခါ အမြင်တင့်တယ်အောင် ဘယ်လို လုပ်ကြမလဲဆိုတာ အဖြေရှာကြတယ်။ 
ဆက်သွယ်ရေး တာဝါတိုင်တွေ အမြင်မလှ ဖြစ်နေတာကို ထန်းပင်များအဖြစ် ရုပ်လုံးဖော်ပြီး အမြင့်တင်တယ်အောင် လုပ်ခဲ့ကြတယ်။ 


ဆိပ်ကမ်းမှာ ထားရှိသုံးစွဲတဲ့ ကရိန်းအမြင့်ကြီးတွေဟာလည်း ဆိပ်ကမ်းအလှမှာ ရုပ်ဆိုးအကျည်းတန်နေတယ်။ ပုံပန်းသဏ္ဍာန်က သစ်ကုလားအုပ် လည်ပင်းရှည်နဲ့ဆင်ဆင်တူနေတာကြောင့် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ဖူကိုကာမြို့မှ ဟကာကာဆိပ်ကမ်းမှာ တည်ရှိနေတဲ့ ဂန်ထရီကရိန်းတစ်ခုကို သစ်ကုလားအုပ်အဖြစ် အဝေးမှ မြင်ရအောင် ဆေးသုတ်ပေးကြတော့မှာ ဖြစ်ပါတယ်။ 


ဖူကိုကာမြို့ အာဏာပိုင်တို့က ဇူလိုင်လ ၂၀ ရက်မှာာ ကရိန်းကြီးကို ဆေးပြန်သုတ်မယ့်အကြောင်း အသိပေး ကြေညာခဲ့ပါတယ်။ ကရိန်းကြီးက လူတွေ တည်ဆောက်ထားတဲ့ ကျွန်းတုတစ်ခုပေါ်မှာ တည်ရှိပါတယ်။ အမြင့်က မီတာ ၁၀၀ ရှိပါတယ်။ 
အခုလို ကရိန်းကြီးကို ဆေးသုတ်ပြီးသွားရင် ဟကာကာဆိပ်ကမ်းရဲ့ ထင်ရှားတဲ့အမှတ်အသား တစ်ခု ဖြစ်လာမှာ ဖြစ်ပြီး အဝေးမှပင် သစ်ကုလားအုပ်ကြီးကို လှမ်းမြင်နိုင်ကြမှာ ဖြစ်ပါတယ်။ 

 


 

 

Architecture Read 533 times