ဘန်ကောက်မြို့လယ်မှ တစ္ဆေတာဝါ


27 September, 2023

ဘန်ကောက်မြို့လယ်မှ တစ္ဆေတာဝါ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တစ္ဆေတာဝါ ဟု အမည်တွင်သည့် အဆောက်အဦမှာ ဘန်ကောက်မြို့လယ်တွင် တည်ရှိသည့် Sathorn Unique Tower ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏မြို့တော်ဘန်ကောက်မြို့လယ်တွင် စတင်တည်‌ေဆာက်ခဲ့ပြီး ၃၃ နှစ်အကြာတွင် ဆောက်လက်စတန်လန်းမှာ စွန့်ပစ်ထားသော မနှစ်သက်စရာ အဆောက်အအုံတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

 

ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးသော မိသားစုများကို ရောင်းချနိုင်ရန် ခမ်းနားထည်ဝါသော အထပ် ၄၉ ထပ်ရှိ မိုးမျှော်တိုက်ကို ၁၉၉၀ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သော်လည်း ဆောက်လက်စ တိုက်အို တခုအဖြစ် အဆုံးသတ်နေဆဲ ဖြစ်ပါသည်။

 မြင့်မားသော အဆောက်အဦသည် ခမ်းနားထည်ဝါသော ကျောက်ဖရားမြစ်ကို ရှုမြင်နိုင်သည်။ ဘန်ကောက်မြို့ Saton ခရိုင်တွင် Soi 51 နှင့် Soi 53 လမ်းနှစ်ခုကြား Charoen Krun Road ဘေးမှာ တည်ရှိသည်။ 

 

တစ္ဆေတာဝါ မျက်နှာစာသည် ယခုအခါ ဂရပ်ဖစ်တီများဖြင့် အတိပြီးသည်။ 

နှစ်ကာလများတစ်လျှောက် သည်းထိတ်ရင်ဖို ဇာတ်ကားများအတွက် ခြောက်လှန့်နေသော နောက်ခံကို ဖန်တီးပေးထားသည်။

 

 ၁၉၉၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ချမ်းသာကြွယ်ဝသော အထက်တန်းလွှာအတွက် အထက်တန်းစားကွန်ဒို အိမ်ခန်းများ ပါသည့် ၄၉ ထပ် တာဝါကို  ရည်မှန်းချက်ကြီးသော အလားအလာများဖြင့်  ဆောက်လုပ်ရေး စတင်ခဲ့သည်။

၇ နှစ်အကြာ ၁၉၉၇ ခုနှစ်တွင် အာရှ ငွေကြေးအကျပ်အတည်း ပေါ်ပေါက်ခဲ့ရာ ထိုင်းနိုင်ငံတွင် ဆောက်လက်စတန်းလန်း အိမ်ရာစီမံကိန်း ၅၀၀ ဝန်ူကျင် လုပ်ငန်းရပ်သွားကြရာ Sathorn Unique Tower လည်း ပါဝင်သည်။
 အခြေအနေ ပြန်ကောင်းလာသည့်အခါ စီမံကိန်း အများအပြား လုပ်ငန်းပြန်စကြသည်။ Sathorn Unique Tower သည် လုပ်ငန်း ပြန်မစနိုင်ခဲ့ပါ။

နှစ်အတန်ကြာပြီးသည့်အခါ တစ္ဆေတာဝါကို စွန့်စားခန်းတစ်ခုအနေဖြင့် လာရောက်ကြသူများ ရှိလာသည်။ Facebook ခေတ်သို့ ရောက်သောအခါ ပုံများ တင်ကြသည်။ 
 
၂၀၁၄ ခုနှစ်တွင် ၁၈၅ မီတာမြင့်မားသည့် တာဝါတိုကို တက်ခြင်းသည် ဘေးအန္တရာယ် စိုးရိမ်စရာဖြစ်သဖြင့်  တားမြစ်ခဲ့သည်။ သို့သော် ဖောက်ဖျက်ကျူးလွန်သူများကို အရေးယူခြင်း မရှိသဖြင့် အသွားအလာ မပျက်ကြပေ။ ဓာတ်ပုံများ၊ ဗီဒီယိုများ လူမှုကွန်ရက်တွင် တင်ပြနေကြဆဲ ဖြစ်သည်။

 


Sathorn Unique ကို တာဝန်ခံပြီး အကောင်အထည် ဖော်ခဲ့သူဖြစ်သည့် ဗိသုကာနှင့် အိမ်ရာ ဖော်ဆောင်သူ Rangsan Torsuwan သည် ဆောက်လုပ်ရေး စတင်ပြီး ၃ နှစ်အကြာတွင် ထိုင်းနိုင်ငံ တရားရုံးချုပ် ဥက္ကဋ္ဌ ပရမ်ဆန် ချန်းဆူးကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် စွပ်စွဲခံရသည်။ ၎င်းအမှု တရားရုံးတွင် ကြားနာသည်မှာ ၁၅ နှစ်ကြာသည်အထိ မပြီးပြတ်သေးချေ။
Torsuwan သည် ၂၀၁၀ ပြည့်နှစ်တွင် တရားသေ လွတ်မြောက်ခဲ့သည်။
 Torsuwan အမှု ရင်ဆိုင်နေစဉ် သားဖြစ်သူ Pansit က စီမံကိန်းကို ဦးစီးခဲ့သည်။ 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဆွီဒင်အမျိုးသားတစ်ဦး၏ အသက်မဲ့ရုပ်အလောင်းကို အဆောက်အအုံ၏ ၄၃ ထပ်တွင် ကြိုးဆွဲချ အနေအထားဖြင့်  တွေ့ရှိခဲ့သဖြင့် တစ္ဆေတာဝါ နာမည်ပိုကြီးသွားသည်။ 

နှစ်နှစ်အကြာတွင် စွန့်ပစ်ထား‌ေသာ တစ္ဆေတာဝါကို ကြောက်မက်ဖွယ် သည်းထိတ်ရင်ဖို ရုပ်ရှင် The Promise တွင် ဇာန်ဝင်ခန်း နေရာအဖြစ် အသုံးပြုခဲ့သည်။
ထိုနောက်ပိုင်းတွင် တစ္ဆေတာဝါသည် သရဲတစ္ဆေများ ကျက်စားရာနေရာအဖြစ် ပြောဆိုကြသည်။ တချိန်က သင်္ချိုင်းမြေပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သဖြင့် ခိုက်သည်ဟုလည်း ဆိုကြသည်။

 


 

 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tips Read 1091 times