ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပလက်ဖောင်းများကို ခရီးသွားလုပ်ငန်းအတွက် အသုံးပြု


10 July, 2022

ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပလက်ဖောင်းများကို ခရီးသွားလုပ်ငန်းအတွက် အသုံးပြု

 

အနားပေးလိုက်ပြီဖြစ်တဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက် ထုတ်လုပ်ရေးစင်များကို ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေငုပ်ရန် နေရာသစ်တစ်ခု ဖန်တီးပေးခြင်းဖြင့် ခရီးသွား ဆွဲဆောင်မှု တစ်ခုအဖြစ် ဖော်ဆောင်လျက် ရှိပါတယ်။ ယခုလို ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစင်များကို လည်ပတ်စရာနေရာအဖြစ် ပြောင်းလဲတာ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

တစ်ချိန်က ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပလက်ဖောင်းများကို ထောက်ပိုးပေးခဲ့တဲ့ သံမဏိဘောင်များကို  အဏ္ဏဝါဂေဟစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သန္တာကျောက်တန်းများအဖြစ် ပြောင်းလဲကာ ရေငုပ်လေ့လာရေး ဝါသနာရှင်များကို ဆွဲဆောင်နိုင်ပြီး ကပ်ရောဂါလွန်ကာလတွင် ဒေသခံတံငါသည်များအတွက် ဘဝအထောက်အကူလည်း ဖြစ်စေမှာ ဖြစ်ပါတယ်။ 
လူလုပ် သန္တာကျောက်တန်း ဧရိယာ က Surat Thani ပြည်နယ်ရှိ Koh Phangan ကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၇.၅ အကွာတွင် တည်ရှိပါတယ်။ ပင်လယ်နေ ရေသတ္တဝါများအတွက် ပိုမိုကောင်းမွန်တဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ခရီးသွားလုပ်ငန်း ဝင်ငွေရရှိဖို့အတွက် ရင်းမြစ်အသစ်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ 

 

အဲဒီ ရည်မှန်းချက်များအတွက် Chevron Thailand Exploration and Production ပိုင်ဆိုင်တဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပလက်ဖောင်း ၇ ခုမှာ သန္တာကျောက်တန်းများ နေရာချပေးတာကို ၂၀၁၉ ဧပြီလမှာ စတင်ခဲ့ပါတယ်။
စီမံကိန်းကို အမေရိကန်အခြေစိုက် Chevron ၊ ထိုင်းနိုင်ငံမှ Chulalongkorn University နှင့်  Marine and Coastal Resources Department တို့ အတူပူးပေါင်းပြီး လုပ်ကိုင်ကြပါတယ်။ Chevron  က စီမံကိန်းအတွက် ဘတ် ၃၄.၈ သန်း သုံးစွဲခဲ့ပါတယ်။ 
Chulalongkorn University က ပညာရပ်ဆိုင်ရာ အထောက်အကူပြုပေးပါတယ်။ 

သန္တာကျောက်တန်းများကို နေရာချပေးတာကို တစ်နှစ်ကြာ လုပ်ကိုင်ခဲ့ကြပြီး  ၂၀၂၀ မှာ ပြီးစီးခဲ့ပါတယ်။ 
ရေအောက်အနက် မီတာ ၂၀ မှာ သန္တာကျောက်တန်းများ ရှင်သန်နေပြီး နေထိုင်ကျက်စားတဲ့ ငါးအမျိုးမျိုးလည်း ရှိနေပြီ ဖြစ်ပါတယ်။ စာရင်းကောက်ယူမှုများအရ စတုရန်းမီတာ ၁၀၀ မှာ ငါးကောင်ရေ ၂၁၅ ကောင် ရှိပါတယ်။ ငါးအမျိုးပေါင်း ၄၇ မျိုး ရှိပါတယ်။ 

#MyanmarBuilderGuide
Telegram Channel
https://t.me/Guid4U

Tips Read 770 times