ကျပ်သန်း ၁ဝဝဝ ခန့်ကုန်ကျခဲ့သော ကန္ဒရဝတီတံတားသစ်


18 January, 2020

ကန္ဒရဝတီတံတားသည် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ တောင်ငူ - လိပ်သို - ယာဒို - လွိုင်ကော် - ဟိုပုံးလမ်း ဘီလူးချောင်းဖြတ်ကူးတဲ့ တံတားတစ်စင်း ဖြစ်သည်။

အဆိုပါ တံတားကို ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ် ၉၉၉ ဒသမ ၉၉သန်းဖြင့် အကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို တံတားကို ၁၉၈၅ ခုနှစ်မှ စတင်၍ အကျယ် ၂၂ ပေ (၂) လမ်းသွားအဖြစ် နှစ်ပေါင်း (၃၄) နှစ်ကြာ အသုံးပြုခဲ့ပြီးနောက် ယခုနှစ်နောက်ပိုင်းတွင် လမ်းအသုံးပြုမှု များပြားလာသည့်အပြင် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု များပြားလာမှုကြောင့် လမ်းတံတားချဲ့ထွင်ခြင်းကို ၂ဝ၁၉ ခုနှစ် ဧပြီလ မှစတင်ပြီး ၄၄ ပေ၊ (၄) လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်အဆင့်မြှင့်တင် တည်ဆောက်ခြင်းများကို တံတားအထူးအဖွဲ့ (၆) နေပြည်တော်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တံတားကို ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေကျပ် ၉၉၉ ဒသမ ၉၉သန်းဖြင့် အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

Region Read 179 times