အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ


28 January, 2021

ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေးကတော့ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။

ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။အဲအပင်(၃)မျိုးကို စိုက်ပျိုးရေးဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆင်စွယ်ဂမုန်း

ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။

ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါက တစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေချင်ပါတယ်။

၂။ ဆင်ဂမုန်း

ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်း မိသားစုထဲမှ တစ်ယောက်ယောက်ကို ကျန်းမာရေးချို့ယွင်းစေပါတယ်။

ဆင်ဂမုန်းစိုက်ပျိုးသူ ၉၀ရာခိုင်နှုန်းဟာ ကျန်းမာရေးအန္တရာယ်ကြုံရတက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။ ဒါကြောင့် ဆင်ဂမုန်းဟာ အိမ်တွင်းမှာ စိုက်ပျိုးဖို့ လုံးဝမသင့်တော်တဲ့ ဂမုန်းပင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

၃။ ကုမုဒ်ကြာဂမုန်း

ကုမုဒ်ကြာဂမုန်းကတော့ အရွက်ရှည်ပြီး ဘေးအနားတွေက လှိုင်းတွန့်နေတဲ့အရွက်ပုံစံမျိုးလေးပါ။ ဒီဂမုန်းကတော့ ညဘက်တွေမှာ ဖူးတံထွက်ပြီး အဖြူရောင်အပွင့်လေးတွေပွင့်တက်ပါတယ်။

ကြာပွင့်တွေလို အထပ်မများသော်လည်း ကြာပွင့်နဲ့ပုံစံတူတာကြောင့် ကုမုဒ်ကြာဂမုန်းလို့ ခေါ်ကြတာဖြစ်ပါတယ်။ ကုမုဒ်ကြာဂမုန်းဟာ စီးပွားလာဘ်လာဘတွေ ဖြစ်စေသော်လည်း မိသားစုအတွင်း ပဋိပက္ခမကြာခဏဖြစ်ပွားတက်ပါတယ်။

သုတေသနလုပ်သေူတွမှ ကုမုဒ်ကြာဂမုန်းကို စိုက်ပျိုးလေ့လာခဲ့ရာ မိသားစုတွင်း ပြဿနာမျိုးစုံကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ ကုမုဒ်ကြာဂမုန်းကို နုတ်ပြီး စွန့်ပစ်ခဲ့ချိန်မှာတော့ မိသားစုသောကတွေ ငြိမ်းအေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့် သင့်အိမ်တွင်းမှာ ကုမုဒ်ကြာဂမုန်းကို မစိုက်ပျိုးဖို့ အကြံပြုလိုက်ရပါတယ်။

Achawlaymyar 

Decoration Tips Read 2025 times