“Fuxing”ကျည်ဆန်ရထားသစ် တရုတ်နိုင်ငံ ကွေ့ယန်-ကွမ်ကျိုး မြန်နှုန်းမြင့်ရထားလမ်းတွင် အသုံးပြုနေပြီဖြစ်

18 January, 2021

“Fuxing”ကျည်ဆန်ရထားသစ်ကြီးကို ကွေ့ယန်နှင့် ကွမ်ကျိုးချိတ်ဆက်ရာ မြန်နှုန်းမြင့်ရထားလမ်းတွင် အသုံးပြုနေပြီဖြစ်သည်။

အဆိုပါရထားသစ်ကြီးကို တစ်နာရီလျှင် ကီလိုမီတာ(၂၅၀)မြန်နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။

“Fuxing” ရထားများကို တရုတ်နိုင်ငံမှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်းဖြစ်ရာ ပို၍ ကျယ်ဝန်းခြင်း၊ စွမ်းအင်ချွေတာနိုင်ခြင်းနှင့် သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်ခြင်းတို့ကြောင့် ယုံကြည်စိတ်ချရမှုပိုမြင့်မားကြောင်း သိရသည်။

ယခုနှစ်အတွင်း တရုတ်ပြည်မကြီး ပြည်နယ်အဆင့်ဒေသအားလုံးတွင် “Fuxing”ရထားများကို အသုံးပြုသွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


Xinhua

Global Read 332 times