ကျပ်သန်းပေါင်း ၄၀,၀၀၀ကျော်သုံးစွဲပြီး အဓိက တံတားကြီး ၄ စင်း တည်ဆောက်မည်


01 January, 2020

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ကျပ်သန်းပေါင်း ၄၀,၀၀၀ကျော်သုံးစွဲပြီး

အဓိက တံတားကြီး ၄စင်း တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အဓိက တံတားကြီးများအဖြစ်

  • ချင်းတွင်းမြစ်ကူးတံတား(တမံသီ)ကို ကျပ်သန်း ၃၃,၀၀၀ သုံးစွဲပြီး ပေအရှည် ၂၆၂၅ ပေတံတား အဖြစ်လည်းကောင်း၊
  • မြစ်သာမြစ်ကူးတံတား(ကလေး)ကို ကျပ်သန်း ၅၁၅၉ သုံးစွဲပြီး ပေအရှည် ၈၈၅ပေ တံတားအဖြစ်လည်းကောင်း၊
  • ကြိုးတံတားအဆင့်မြှင့်တင်မည့် ဥတုချောင်းတံတား(ဟုမ္မလင်း)ကို ကျပ်သန်း ၁၅၀၀ သုံးစွဲပြီး ပေအရှည် ၅၄၀ ပေတံတားအဖြစ်လည်းကောင်း၊
  • မြောက်ယမားတံတား(ပုလဲ)ကို ကျပ်သန်း ၂၈၀၀ သုံးစွဲပြီး ပေအရှည် ၇၉၀ပေတံနားအဖြစ် လည်းကောင်း

တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပေ ၁၈၀အထက် တံတား (၁၇)စီးနှင့် ပေ ၁၈၀ အောက် တံတား (၅၅၆)စင်းကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ဆဲတံတားများဖြစ်သည့် မူးမြစ်ကူးတံတား(ရေဦး)၊ မူးမြစ်ကူးတံတား(ပင်လည်ဘူး)၊ နန့်စလိန်တံတား(ခန္တီး-လဟယ်)နှင့် နန့်အယားတံတား(တမူး-ဟုမ္မလင်း)စသည့် တံတားများကိုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါ တံတား(၄)စင်းကို ကျပ်သန်းပေါင်း ၁၂,၀၀၀ကျော် သုံးစွဲတည်ဆောက်လျက်ရှိကြောင်းသိရသည်။


" အစိုးသက်တမ်း ၄နှစ်အတွင်း တည်ဆောက်ပြီးတဲ့ ပေ ၁၈၀အထက် တံတားဆို ၇၆စင်း၊ ပေ ၁၈၀အောက်တံတားဆိုလည်း ၃,၃၉၄စင်း တည်ဆောက်ပြီးခဲ့တယ်၊ လမ်းတွေဆိုလည်း အများကြီး အဆင့်မြှင့်တင်ပေးခဲ့တယ်၊ အဓိက မြစ်ကူးတံတားကြီး (၄)စင်းလည်းတည်ဆောက်ပြီး ဖွင့်လှစ်ပေးခဲ့တယ်၊ ထပ်လည်း အဓိကတံတားတွေ တည်ဆောက်ပေးနေတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

Region Read 54 times