ခြောက်လအတွင်းပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီဟောင်းများကို စာရင်းမှပယ်ဖျက်ရန်စီစဉ်


05 December, 2020

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်း ရောင်းချရေး ကြီးကြပ်မှုကော်မတီက ရောင်းချတဲ့ အိမ်ရာဝယ်ယူခွင့် ရရှိသူတွေအနေနဲ့ ဒုတိယအုပ်စု ဝယ်ယူခွင့်ရရှိထားတဲ့ တန်ဖိုးသင့်အိမ်ခန်းတွေကို တစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့ (၃)ရာခိုင်နှုန်း လျှော့ပေးမှာဖြစ်ကြောင်း အိမ်ရာစီမံကန်း ရောင်းချကြီးကြပ်ရေးကော်မတီက သိရပါတယ်။

          တိုက်ခန်းတွေကို ရှေးဦးစွာ စစ်ဆေးပြီး တိုက်ခန်းရယူမယ်ဆိုပါက မှတ်ပုံတင်မူရင်းနဲ့အတူ လူကိုယ်တိုင် အိမ်ခန်းဝယ်ယူငွေပေးသွင်းမှာဖြစ်ကြောင်း ဝန်ခံကတိပြုလွှာမှာလက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ဝယ်ယူခွင့်ရရှိသူတွေဟာ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကိုလာရောက်ဆက်သွယ်ပြီး ငွေပေးသွင်းမဲ့စနစ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

            ဝယ်ယူတဲ့အခါမှာ ငွေအကျေပေးသွင်းနိုင်သလို ဒါမှမဟုတ် ဘဏ်ချေးငွေနဲ့ ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။ ငွေအကျေပေးသွင်မယ့်သူတွေက အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲကို ဆက်သွယ်ပြီး ငွေသွင်းချလန်ထုတ်ယူပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ အမှတ်(၁)မှာ ငွေသွားရောက်ပေးသွင်းရမှာ ဖြစ်ပါတယ်။ အိမ်ခန်းတန်ဖိုးငွေအကျေပေးသွင်းပြီးပါက အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက အိမ်ပေါ်တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ရရှိပါက သက်ဆိုင်ရာ အိမ်ခန်းသော့တွေကို အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ဘဏ်ချေးငွေနဲ့ချိတ်ဆက်ဝယ်ယူမယ့်သူတွေက ပူးတွဲဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာချေးငွေ လျှောက်ထားရေးလုပ်ငန်းစဉ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

           အိမ်ခန်းဝယ်ယူခွင့်ရရှိသူက ကိုယ်တိုင်နေထိုင်ရမှာဖြစ်ပြီး (၅)နှစ်အတွင်း ချေးငွေနဲ့ဆောင်ရွက်တဲ့ အခန်းဖြစ်ရင် ငွေမကျေမချင်း တစ်ဆင့်ငှား၊ လွှဲပြောင်းရောင်းချခြင်းတွေ မပြုလုပ်ဖို့၊ ဝယ်ယူသူတွေဟာ အိမ်ခန်းဝယ်ယူတဲ့နေ့ကစပြီး သက်ဆိုင်ရာ အိမ်ရာစီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ထားတဲ့ ရန်ပုံငွေနဲ့ အခွန်အခတွေကို ပေသွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတစ်ခုခုကို ဖောက်ဖျက်ရင် အိမ်ခန်းကို ပြန်သိမ်းယူမှာဖြစ်ပြီး အမည်ပျက်စာရင်း (black list) သတ်မှတ်ကာ အိမ်ခန်းတန်ဖိုး (၁ဝ)ရာခိုင်နှုန်းကို ဒဏ်ကြေးခုနှိမ်ပြီး ကျန်ငွေကို ထုတ်ပေးမှာဖြစ်ပါသည်။ အမည်ပျက်စာရင်း black list သတ်မှတ်ခံရရင် ထပ်ပြီး အိမ်ခန်းလျှောက်ထားခြင်းကို လက်ခံမှာ မဟုတ်ကြောင်း အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။

           ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီက ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ တိုက်ခန်းငွေ ပေးသွင်းနိုင်ရေးနဲ့ အချက်အလက်တွေကို စိစစ်ဆောင်ရွက်ရန်အတွက် (၂၁-၈-၂၀၁၈)ရက်နေ့အထိ ရုံးချိန်အတွင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဒုတိယထပ်ခန်းမကို အထောက်အထား စာရွက်စာတမ်းမူရင်းတွေနဲ့ လာရောက်ဆက်သွယ်ဖို့ အသိပေးထားပါတယ်။သတ်မှတ်ရက်အတွင်း လာရောက်ခြင်း မရှိသူတွေကို တိုက်ခန်းဝယ်ယူခွင့်စာရင်းက ပယ်ဖျက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Region Public Housing Read 58 times