သာစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဆက်လက်ဖိတ်ခေါ်သွားမည်


13 November, 2020

မန ္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ငါးဇွန်မြို့နယ်အတွင်းအကောင်အထည်ဖော်လျက်ရှိသော စက်မှုဥယျာဉ်(မြို့သာ)စီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊

စီမံကိန်းကို အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့်  မန ္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

စီမံကိန်းများ၏အားသာချက်၊အားနည်းချက်နှင့်အကျိုးကျေးဇူးရလဒ်များဖြစ်ပေါ် စေနိုင်သည်ဆိုသည်ကို အတည်ပြုပြီးဖြစ်သလို လက်တွဲဆောင်ရွက်နေသောကုမ္ပဏီ၏ ထုတ်ပြန်မှုများသည် ပွင့်လင်းမြင်သာမှုရှိခြင်းကိုတွေ့ရပါသည်။

ထို့ကြောင့်ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြပြီး စီမံကိန်းအကြောင်းကို နိုင်ငံတကာမှ ပိုမိုသိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံများရှိရန် ဆောင်ရွက်ပေးခဲ့သည်။

ယခုချိန်တွင် နိုင်ငံခြားကုမ္ပဏီများ၏စက်ရုံငါးရုံလည်ပတ်နေပြီးထပ်မံတည်ဆောက်နေသောစက်ရုံများရှိသလို တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုမှလည်း စက်မှုဥယျာဉ်အတွင်းမှ ဧက ၅ဝကိုငှားရမ်းပြီး စက်ရုံတစ်ရုံကိုလာမည့် ရှစ်လအတွင်း အပြီးတည်ဆောက်ရန်လုပ်ဆောင်နေကြောင်းသိရသည်။

ဒေသခံများအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းများ တစ်ခုပြီးတစ်ခုဆက်တိုက်ပေါ်ထွက်လာနိုင်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

ယခုတွင် အမည်ပေါက်နေရာများအနက် နစ်နာကြေးအဖြစ် တစ်ဧကလျှင်ကျပ်သိန်း၂ဝထုတ်ပေးမှု ၉ဝရာခိုင်ုနှုန်းကျော်အထိပြီးစီးနေပြီး အမည်မပေါက်နေရာများအတွက်

ကရုဏာကြေးအဖြစ်တစ်ဧကလျှင်ကျပ်ငါးသိန်းထုတ်ပေးမှုမှာ ၈ဝရာခိုင်နှုန်းအထိပြီးစီးပြီဖြစ်ကြောင်း၊စီမံကိန်းအနီးတွင်မြေကွက်များကိုထပ်မံချထားပေးကာ အိမ်ဆောက်လုပ်ခွင့်လက်မှတ်များကိုလည်း ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

လုပ်ငန်းစဉ်အဆင့်အတိုင်းစီမံကိန်းကို နိုင်ငံတကာအဆင့်မီဖြစ်ရန်ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့်နိုဝင်ဘာလအတွင်းနိုင်ငံတကာအဆင့်မီဂေါက်ကွင်းစတင်ဖွင့်လှစ်ရန်ပြင်ဆင်နေပြီးလာရောက်ကစား သောပြည်တွင်းပြည်ပခရီးသည်များအနားယူနိုင်မည့် အိမ်ရာများကိုဆက်လက်တည်ဆောက်သွားမည်ဖြစ် ကြောင်းသိရသည်။

စီမံကိန်းအား ၂ဝ၁၂ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့်သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါဝင်သည့် စက်ရုံ၂ဝဝန်းကျင်အထိလည်ပတ်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။

Democracy

Factory and Industrial Plant Read 27 times