အိမ်ရာအဆောက်အအုံ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု သိသိသာသာမြင့်တက်လာ


23 November, 2020

ပြီးခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ဘီလီယံ ရှိကာ အိမ်ရာအဆောက်အအုံကဏ္ဍတွင် သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်နှစ်တာ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနှင့် လျာထားချက် အမေရိကန်ဒေါ်လာ ၆ဘီလီယံတိုးတက်ရန် လျာထားခဲ့သည်ဖြစ်၍ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံဖြစ်သည့်အတွက်လျာထားချက်ထက် ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

အဓိက တိုးတက်ခဲ့သော ကဏ္ဍများသည် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၊စက်မှုနှင့် အခြားဝန်ဆောင်မှုကဏ္ဍများပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံအားနည်းသော ကဏ္ဍများမှာ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများပင်ဖြစ်သည်

ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အများဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများတွင် စင်ကာပူမှ နံပါတ်တစ်နေရာတွင်ရပ်တည်နေပြီး တရုတ်နှင့်နယ်သာလန် နိုင်ငံတို့သည် ဒုတိယ နှင့် တတိယနေရာတွင် ရှိနေကြောင်း၊စက်မှုနှင့်အိမ်ရာ

အဆောက်အအုံ၊နည်းပညာ ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အခွင့်အလမ်းများ စွာရှိနေကြောင်း သိရသည်။

ယင်းကာလအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၁၁၉ ခုရှိနေပြီး တန်ဖိုးအားဖြင့် ငွေကျပ် ဘီလီယံပေါင်း ၃၉၂၈ ဒသမ ၁ ဖြစ်သည့်အတွက် ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နှင့် နှိုင်းစာလျှင် ထက်ဝက် ကျော်တိုးတက်လာခဲ့ကြောင်း ၊

လယ်ယာကဏ္ဍမှ လွဲ၍ ကျန်ကဏ္ဍများ ပြည်တွင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တစ်နှစ်ထက် တစ်နှစ် တိုးတက်ရန် ဆောင်ရွက်သွားရေးသည် အလွန်ပင်အရေးကြီးကြောင်း၊သို့သော်လည်း နှစ်စဉ် ၂ဝ၂ဝ အထိ

အမေရိကန် ဒေါ်လာ ၆ဘီလီယံ တိုးတက်ရရှိအောင် လျာထားဆောင်ရွက်နေကြောင်းသိရသည်။

Local Public Housing Read 46 times