အပန်းဖြေစခန်း စီမံကိန်းတည်ဆောက်ရန် ပြည်ပနိုင်ငံများစိတ်ဝင်စား


04 November, 2020

မွန်ပြည်နယ်၏အလှဆုံးပင်လယ်ကမ်းခြေတစ်ခုဖြစ်သောကဗျာဝကမ်းခြေအား အမေရိကန်ဒေါ်လာ၁၂သန်း အကုန်အကျခံတည်ဆောက်မည့်အပန်းဖြေစခန်း စီမံကိန်းအတွက် ပြည်နယ်နှင့်အစိုးရကို တင်ပြပြီး ဖြစ်သောကြောင့်ယင်းစီမံကိန်းအတွက် ပြည်ပနိုင်ငံများစိတ်ဝင်စားနေကြကြောင်းသိရသည်။

ယခုတွင်ကုမ္ပဏီမှ ဒေသဖွံ့ဖြိုးရေးလုပ်မည်မှာအစပင်ရှိသေးကြောင်း၊မြေပိုင်ဆိုင်မှုများနှင့် လုပ်ချင်သောပုံစံများမှာ အဆင်မပြေသေးကြောင်း၊

စီမံကိန်းအတွက်စက်မှုစီးပွားဂရန်မရသေးကြောင်း၊သို့မဟုတ် လျှောက်ထားဆဲထောက်ခံချက်ရပါကတင် ၍ရပြီဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းအားAurum Co.,ltdမှ လုပ်ဆောင်ရန်လာမည့်ပွင့်လင်းရာသီကာလအတွင်းမြေရာကိစ္စရပ်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊

စီမံကိန်းအဆိုပြုချက်အရ ယင်းစီမံကိန်းကိုနိုင်ငံတကာအဆင့်မီကမ်းခြေအဖြစ် မြှင့်တင်ဆောင်ရွက်ရာတွင်ကမ်းခြေအတွင်း

စားသောက်ဆိုင်၊ဟိုတယ်ဇုန်၊အပန်းဖြေစခန်း၊သယံဇာတနှင့်ဘူမိဗေဒပြတိုက်၊အများလေ့လာနိုင်ရန်မွန်စာပေနှင့် ယဉ်ကျေးမှုပြတိုက်၊အပျော်စီးSpeed Boatများပါဝင်မည် ဖြစ်ကြောင်းသိရသည်။

မြေယာအဆင်ပြေပြီးပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်လာမည်ဖြစ်ကြောင်းသိရသည်။

ကမ်းခြေအရှည်ရှစ်မိုင်ခန့်ရှိပြီးရွာဧရိယာများဖယ်လိုက်ပါကခြောက်မိုင်ခန့်သာကျန်သည်ဖြစ်ကြောင်း၊ပြည်နယ် ခရီး၏ထောက်ခံချက်ရထားပြီးသားဖြစ်ကြောင်း၊သိရသည်။

မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိကဗျာဝပင်လယ်ကမ်းခြေသည်ပစောက်ပုံသဏ္ဌာန်ရှိပြီးဖြူ၊နီ၊ဝါရောင်၊ သဲသောင်ပြင်ရှိသောအာရှတိုက်အတွင်းမှ

နိုင်ငံခြားခရီးသွားများအပါအဝင်လာရောက်လည်ပတ်သောဧည့်သည်မှာလစဉ်ရာနှင့်ချီပြီးရှိကြောင်း၊ယင်းကမ်းခြေတစ်ခုလုံးသည်၁၂မိုင်ခန့်ရှည်လျားသောမော်လမြိုင် မြို့၊ရေးမြို့တို့မှတဆင့်သွားရောက်ရပြီးဟိုတယ်မရှိသောကြောင့်နေ့ချင်းပြန်သွားလာရခြင်းဖြစ်ကြောင်းသိရသည်။

ကဗျာဝကမ်းခြေသည်ယခင်ကနယ်မြေမတည်ငြိမ်မှု၊လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှုတို့ကြောင့်လူသူ အရောက်နည်းခဲ့သော်လည်းယခုအခါ

နယ်မြေအေးချမ်းလာပြီးဖြစ်သည့်အပြင် လမ်းများမှာလည်းကောင်းမွန် လာပြီဖြစ်ကြောင်း၊ဒေသခံများအနေဖြင့်လည်းယင်းကမ်းခြေစည်ကားလာရန်စိတ်အားထက်သန်နေကြကြောင်းသိရသည်။

ထို့အပြင်၂ဝ၁၆ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ကဗျာဝပင်လယ်ကမ်းခြေသို့ပြည်တွင်းခရီးသွားများ၊နိုင်ငံခြားခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုမြင့်တက်လာခဲ့ကြောင်းသိရသည်။

Source:Pyi Myanmar

Global Read 24 times