မြန်မာအပါအဝင် နိုင်ငံခြားဝယ်လက်များဖြင့် ထိုင်း အိမ်ရာကဏ္ဍ ရောင်းအားကြီးထွား


03 July, 2023

နိုင်ငံခြားဝယ်လက်များဖြင့် ထိုင်း အိမ်ရာကဏ္ဍ ရောင်းအားကြီးထွား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

နိုင်ငံခြားဝယ်လက်များသည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၏ အိမ်ရာဈေးကွက် အရောင်းအဝယ် ကြီးထွား‌စေမည်ဖြစ်သည်။

ထိုင်းပြည်တွင်းဝယ်လက်များသည် အဆင်မပြေသောအချက် အချို့ကြောင့် ဝယ်ယူနိုင်စွမ်းအား အပြည့်အဝ ပြန်လည်ရရှိခြင်း မရှိသေးပေ။ ဘဏ်ချေးငွေအတိုးနှုန်းများ မြင့်တက်လာခြင်း၊ ချေးငွေအတွက် စည်းကမ်းများ တင်းကျပ်ထားခြင်း၊ ငွေကြေးဖောင်းပွမှု၊ အစိုးရ အပြောင်းအလဲ နိုင်ငံရေး မရေရာမှုများသည် အိမ်ရာကဏ္ဍတွင် ထိုင်းပြည်တွင်းဝယ်လက်များ၏ ဝယ်လိုအားကို အားယုတ်နေစေသည်။
 
ယခုအခါ နိုင်ငံခြားဝယ်လက်များ၏ ဝယ်လိုအားကြောင့် ကြီးထွားသည့် လက္ခဏာများ ပြသနေသည်။

Government Housing Bank မှ  Real Estate Information Center (REIC)၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ဝယ်ယူသည့် ကွန်ဒိုမင်နီယမ် အခန်း စုစုပေါင်း ၃,၇၇၅ ယူနစ်ရှိပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၇.၁ ဘီလီယံ ဖြစ်ပါသည်။
ကိုဗစ်ကြောင့် ပိတ်ပင်ထားသည်များကို ပြန်လည်ဖွင့်လှစ်ပြီးနောက် ထိုင်းအိမ်ခြံမြေဈေးကွက် ပြန်လည်နာလန်ထလာခြင်း ဖြစ်သည်။
 နိုင်ငံခြားသားများ ခရီးသွားလာခွင့် ပြန်လည် ရရှိသဖြင့် ထိုင်းနိုင်ငံတွင် ကွန်ဒိုမင်နီယမ်တိုက်ခန်းများကို  ယခင်ကကဲ့သို့ နိုင်ငံခြားသားများ ဝယ်ယူနေကြခြင်း ဖြစ်သည်။


 အိမ်ခြံမြေဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CBRE (Thailand)မှ နေအိမ် အရောင်းဌာနမှူး Artitaya Kasemlawan က ယမန်နှစ်မှ ယခုနှစ်အစအထိ ကွန်ဒိုမင်နီယမ်တိုက်ခန်းများ ဝယ်ယူကြသူများတွင် ၈၉% သည် ထိုင်းနိုင်ငံသားဖြစ်ပြီး ၁၁% သည် နိုင်ငံခြားသားများ ဖြစ်ကြောင်း၊  အများစုမှာ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မြန်မာ၊ စင်ကာပူ၊ ဂျပန်တို့မှ ဖြစ်ကြောင်း ပြောကြားသည်။ 
 ပြည်ပဝယ်လက်များ ဝယ်ယူမှု ကြီးထွားလာနေသည်ကို ယခုနှစ်စမှ စ၍ မြင်တွေ့ရကြောင်း သူမက ပြောကြားသည်။


ကွန်ဒိုမင်နီယမ်ကဏ္ဍတွင် နိုင်ငံခြားဝယ်သူများသည် အများအားဖြင့် ထိုင်းဝယ်လက်များထက် ဘတ်ဂျက်ပိုမိုမြင့်မားသည်ဟု သူမက ဆိုသည်။ ယူနစ်တစ်ခုအတွက် ဘတ် ၁၅ သန်းမှ သန်း ၃၀ အထိ သုံးစွဲကြသည်။
“ဘန်ကောက်မှာ သူတို့ဟာ Sathorn, Lumpini, Sukhumvit တို့လို စီးပွားရေး အချက်အချာ ခရိုင်တွေကို ပိုကြိုက်ကြတယ်။ Chao Phraya မြစ်ကမ်းနားတစ်လျှောက်ကိုလည်း နှစ်သက်ကြပါတယ်" ဟု သူမက ပြောကြားသည်။

Agency for Real Estate Affairs (AREA) ဥက္ကဋ္ဌ Sopon Pornchockchai က နိုင်ငံခြားဝယ်လက်များသည် အရောင်းအဝယ်ဖြစ်သည့် အိမ်ရာတန်ဖိုး စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းအထိ ရှိမည်ဟု မျှော်မှန်းထားသည်။ ယူနစ်စုစုပေါင်း၏ ၁၀% ရှိမည်ဟု ခန့်မှန်းသည်။ လာမည့် ၂ နှစ်အတွင်း ရောင်းချသည့် ယူနစ်စုစုပေါင်း၏ ၁၈% အထိ ရှိလာမည်ဟု ခန့်မှန်းသည်။

AREA ၏ ခန့်မှန်းချက်အရ အိမ်ရာယူနစ် ၁၁၁,၂၇၃ သည် ယခုနှစ်တွင် ဈေးကွက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၄၇၈.၆၁ ဘီလီယံ ဖြစ်သည်။ 

ဝယ်ယူမှုများ စုစုပေါင်း၏ ၆၀% သည် တကယ်နေထိုင်ရန် ဖြစ်ပြီး ၂၂% သည် ရင်းနှီးမြှုပ်နှံမှုအဖြစ် ထိုင်းရင်းနှီးမြှုပ်နှံသူများက ဝယ်ယူခြင်း ဖြစ်သည်ဟု Sopon က ပြောကြားသည်။ ကျန်သည့် ၁၈% သည် နိုင်ငံခြားသားများက နေထိုင်ရန်အတွက် ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ်စေ ဝယ်ယူကြခြင်း ဖြစ်သည်။
"တကယ်လို့ ဈေးတက်မယ် ထင်ကြေးဖြင့် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံသူတွေ ဆက်လက် ပိုများလာနေပြီး တကယ်နေထိုင်ဖို့ ဝယ်ယူသူတွေ အချိုးအစားက ပိုလျော့နည်းလာမယ်ဆိုရင် နောက်ဆုံးမှာ ဈေးကွက်ပြဿနာတွေ ရှိလာမယ်။ အိမ်ရာဈေးကွက် ကျဆင်းမှုကို ကြုံကြရလိမ့်မယ်"ဟု သူက ပြောကြားသည်။
Source thaipbsworld

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Real Estate & Properties Residential Read 261 times