ကျပ်သိန်း ၁ဝ၉ သိန်းမှ အမြင့်ဆုံး ၁၇၃သိန်းရှိတိုက်ခန်းများ YCDC မှ တိုက် ရိုက်ရောင်းချမည်


17 November, 2020

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိတစ်ခန်းလျှင်အနိမ့်ဆုံးကျပ်၁ဝ၉သိန်းမှ အမြင့်ဆုံးကျပ်၁၇၃သိန်းကြားရှိတိုက်ခန်းများ

အားလက်ငင်းငွေချေစနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတိုက်ရိုက်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်စက်မှုလမ်းနှင့်

ပိတောက်လမ်းထောင့်ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိရှစ်ခန်းတွဲခြောက်ထပ်တိုက်RC အဆောက်အအုံလေးလုံးမှ တစ်ခန်းလျှင်၄၉ဝစတုရန်းပေရှိ အခန်းများအားရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြေညီထပ်ရှိအခန်းတစ်ခန်းလျှင်ကျပ်၁၇၄သိန်း၊ပထမထပ်လျှင်၁၅၄သိန်း၊ဒုတိယထပ်မှာ ကျပ်၁၄၄သိန်း၊တတိယထပ်မှာကျပ်၁၃၃သိန်း၊စတုတ္ထထပ်တစ်ခန်းလျှင်၁၂၂သိန်း၊ပဥ္စမထပ်လျှင် ကျပ်၁ဝ၉သိန်းဖြင့်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့်တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏မည်သည့်

ဘဏ်ခွဲတွင်မဆိုအိမ်ရာစုဆောင်းငွေစာရင်း(Housing Saving Account)အားကျပ်ငွေ ၁ဝ,ဝဝဝနှင့်စတင်၍ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသောတိုက်ခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်းအားပြည့်မီပြီး CHD ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

တန်ဖိုးနည်းအိမ်ရာများဝယ်ယူရန်အတွက် တိုက်ခန်းတန်ဖိုး၏ ကနဦးပေးသွင်းငွေအား ယခင်ရာခိုင်နှုန်း ၃ဝမှ လက်ရှိအချိန်တွင်ရာခိုင်နှုန်း ၂ဝအထိလျှော့ချပြီး ကျန်သည့်ရာခိုင်နှုန်း ၈ဝကို

နှစ်ရှည်ချေးငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

လစဉ်စုဆောင်းရမည့် ငွေပမာဏအား သတ်မှတ်ထားခြင်းမရှိသည့် မိမိဝင်ငွေပေါ်မူတည်၍ လစဉ် ပုံမှန်စုဆောင်းရမည်ဖြစ်ကြောင်း၊စုဆောင်းထားစဉ်တွင်လည်း

မိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ဒသမ၅ရာခိုင်နှုန်း အတိုးရရှိမည်ဖြစ်သည်။

အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ ဝန်ထမ်းများအတွက် အငှားအိမ်ရာနှင့် အခြားအရောင်းအိမ်ရာများပါဝင်ပြီး အိမ်အခန်းပေါင်း ရဝဝခန့်ရှိသည့်

ကနဦးတန်ဖိုးနည်းအိမ်ရာစီမံကိန်း(Pilot Project)အားမြို့ကြီးသုံးခုတွင် စတင်ဆောင်ရွက်နေပြီး စီမံကိန်းလျာထားချက်ရာခိုင်နှုန်း ၅ဝသည် ၂ဝ၁၈ခုနှစ်အတွင်းပြီးစီးမည်ဖြစ်ကြောင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Region Public Housing Read 79 times