FMI မှ ပထမဦးဆုံးတည်ဆောက်မည့် တန်ဖိုးသင့်အိမ်ရာ


07 December, 2020

 FMI ကုမ္ပဏီကတန်ဖိုး သင့်အိမ်ရာ တိုက်ခန်းပေါင်း ၂,ဝဝဝ ကို သန်လျင်ရှိမြေ ၂၂  ဧကတွင် ပထမဦးဆုံးစတင်တည် ဆောက်မည်ဖြစ်ကြောင်း FMI ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးသိမ်း ဝေကပြောသည်။

        အဆိုပါအိမ်ရာကို  City Loft အိမ်ရာစီမံကိန်းဟု အမည် ပေးထား၍ အခန်းဈေးနှုန်းများ ကို ကျပ်သိန်း ၄၂၀ မှ ၁,၆၀၀  အထိ သတ်မှတ်ထားသည်ဟု  FMI ကုမ္ပဏီအုပ်စု၏ လက် အောက်ခံ Yoma Land ကုမ္ပဏီ  က ထုတ်ပြန်သည်။

‘‘City Loft ကနေ့သွားရင် ဘတ်စ်ကားနဲ့လည်း သွားလို့ရ မယ်။ သင်္ဘောနဲ့လည်း သွားလို့ရ မယ်။ Star City ကနေဆူးလေကို သင်္ဘောနဲ့သွားရင် ၁၅ မိနစ်ပဲကြာ မယ်။ အခုဆောက်ဖို့ဆိပ်ကမ်းခွင့် ပြုမိန့်ရထားပြီးပြီ။ City Loft ပြီး ရင် ဆိပ်ကမ်းလည်းပြီးမယ်။ ဒီလို စီမံကိန်းကို အဘက်ဘက်က စဉ်း စားခဲ့တာပါ’’

ဟု ဦးသိမ်းဝေက ပြောသည်။

        အဆိုပါ အိမ်ရာများကိုကန ဦး ပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းနှင့် ကျန် ၇ဝ ရာခိုင်နှုန်းကို ၂၅ နှစ် အရစ်ကျဖြင့် ရောင်းချမည်ဖြစ်ပြီး  အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြစ် သည်ဟု ကုမ္ပဏီက ထုတ်ပြန် သည်။

        အခန်းများသည် ဝင်ငွေကျပ်  ၁ဝ သိန်းခန့်ရှိသည့် လူလတ် တန်းစားများကို ရည်ရွယ်ခြင်း ဖြစ်ပြီး လစဉ်ကျပ် လေးသိန်းခန့် ပေးသွင်းရုံဖြင့် အခန်းပိုင်ဆိုင် နိုင်မည်ဟု ဦးသိမ်းဝေကပြော သည်။

        တိုက်ခန်းများကို ၂၀၁၉ ဇန်နဝါရီတွင် အများပြည်သူကို စတင်ရောင်းချမည်ဖြစ်ပြီး လက် ရှိတွင် FMI ကုမ္ပဏီဝန်ထမ်းများ  နှင့် FMI ကုမ္ပဏီရှယ်ယာရှင်များ  ကို စတင်ရောင်းချနေသည်ဟု ဦး သိမ်းဝေကပြောသည်။

        အဆိုပါ အိမ်ရာစီမံကိန်း သည် FMI ကတည်ဆောက်နေ သည့် Star City  ဝင်းအတွင်းတွင် တည်ရှိ ပြီး စီမံကိန်း ပထမအဆင့်အပိုင်း (က) ၌ အခန်း ၂၅ဝ နှင့် အပိုင်း (ခ) တွင်အခန်း ၅ဝဝ ပါဝင်မည်ဟု ဦးသိမ်းဝေက ပြောကြားသည်။

‘‘သိန်း ၆၅ဝ တန် အခန်း ဝယ်လိုက်တာပါ။ အဓိကကတော့ FMI ရှယ်ယာလည်းရှိတယ်။ ရိုးမ  ဘဏ်မှာလည်း ငွေစုထားတယ်။ အိမ်ရာကို လာကြည့်တော့ သ ဘောကျလို့ ဝယ်လိုက်တာပါ။ နောက်ပြီး သီလဝါနဲ့လည်းနီး တော့သဘောကျတယ်’’

ဟု အိမ်  ခန်းဝယ်ယူခဲ့သည့် အလုံမြို့နယ် မှ ဦးအေးထွန်းက  ပြောသည်။

        အခန်းဝယ်ယူရာတွင် ပထမ ဦးဆုံးသဘောတူညီမှုအရ အခန်း ခ၏ ၁ဝ ရာခိုင်နှုန်းကို စတင်ပေး သွင်းရပြီး တစ်နှစ်ကြာလျှင် နောက်ထပ် ၁၀ ရာခိုင်နှုန်းနှင့် အခန်းအပ်ပါက ၁ဝ  ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။ ကျန် ၇ဝ ရာခိုင်နှုန်းကို အရစ်ကျပေး သွင်းရမည်ဟု ဦးအေးထွန်းက ဆို သည်။

        FMI ကုမ္ပဏီသည် Yoma-land ကုမ္ပဏီ အမည်ဖြင့်  သန်လျင်မြို့နယ်ရှိ မြေ ၁၃၅  ဧကတွင် Star City ကို လူနေအိမ်အခန်း တစ်သောင်း ဖော်ထုတ်နေသည်။ ထို့အပြင် လှိုင်သာယာတွင် ပန်းလှိုင်အိမ်ရာ နှင့်ရန်ကုန်မြို့လယ် မီးရထားရုံးနေရာတွင်  The Peninsular Yangon အမည်ဖြင့်တည်ဆောက် နေသည်။

Public Housing Read 90 times