ထိုင်းနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ရေပေါ် ဆိုလာ စီမံကိန်း


24 October, 2021

ရေအားလျှပ်စစ်နဲ့ နေရောင်ခြည်လျှပ်စစ် နှစ်မျိုးစပ် ဓာတ်အားထုတ်လုပ်ရေးစခန်းကို ထိုင်းနိုင်ငံ Ubon Ratchathani ပြည်နယ်ရှိ Sirindhorn ဆည်ထဲမှာ EGAT (Electricity Generating Authority of Thailand) က တည်ဆောက်ပါတယ်။ ရေပေါ် ဆိုလာ နှစ်မျိုးစပ် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းဟာ Hydro-Floating Solar Hybrid ကမ္ဘာ့အကြီးမားဆုံး ရေပေါ် ဆိုလာ  နှစ်မျိုးစပ် ဓာတ်အားစီမံကိန်း ဖြစ်ပါတယ်။ စုစုပေါင်း ၄၅ မီဂါဝပ် ထုတ်လုပ်ပေးနိုင်စွမ်း ရရှိမှာ ဖြစ်ပါတယ်။

ရေပေါ်ဓာတ်အားထုတ်လုပ်ရေးအတွက် ဧရိယာ ၇၂ ဟက်တာ သုံးစွဲထားပါတယ်။
စိတ်ဝင်တစား လာကြည့်ကြမယ့် ဧည့်ခရီးသည်တွေအတွက် ၄၁၅ ရှည်တဲ့ လျှောက်လမ်းကိုလည်း EGAT က တည်ဆောက်နေပါတယ်။
ဆည်ကို ခရီးသွားတွေ လာရောက်လည်ပတ်စရာ နေရာတစ်နေရာ ဖြစ်လာအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

EGAT က ထိုင်းနိုင်ငံတစ်လွှားမှ ကျန်တဲ့ ဆည် ၉ ခုစလုံးမှာလည်း အလားတူး ရေပေါ် ဆိုလာ ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကို လာမယ့် နှစ် ၂၀ အတွင်း ဆက်လက်အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။


 Bangkok post

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

How To Read 510 times