သင့်အိမ်ရှိ ရေချိုးခန်းကို ရှုပ်ပွစေသည့် အချက် (၅) ချက်


15 June, 2021

ကျွန်ုပ်တို့ နံနက်တိုင်း ပထမဆုံးပြုလုပ်ကြသည်မှာ ရေချိုးခန်းသို့ သွားခြင်းပဲဖြစ်ပါတယ်။ ရေချိုးခန်းတိုင်းသည်လည်း ကွဲပြားခြားနားတာကိုတွေ့ရပါတယ်။ တစ်ခုမှာ၊ သင့်စိတ်တိုင်းကြိုက်ကျဖြစ်နေမယ် နောက်တစ်ခုမှာ၊ သင်စိတ်တိုင်းမကျသောပုံစံဖြစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကသင့်ရဲ့ ရေချိုးခန်းထဲရှိလေထုနှင့် သန့်ရှင်းမှုကြောင့်ပဲဖြစ်တယ်။

ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေသော ရေချိုးခန်း၏ အရေးအပါဆုံးသော အစိတ်အပိုင်းများကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေချိုးခန်းတွေကို ရှုပ်ပွစေသော အရာများကို စာရင်းပြုစုခဲ့ပါတယ်။ 

(၁) Chrome သံမဏိထောင့်စင်
သံဖြင့်ပြုလုပ်ထားသောစင်များသည် ဈေးနှုန်းချိုသာသောကြောင့် ထိုစင်များကို ရေချိုးခန်းတိုင်းတွင် တွေ့နိုင်ပါတယ်။ ဒါပေမယ့် စိုထိုင်းဆမြင့်မားသော နေရာများတွင်ထားလျှင် သံချေးလျင်မြန်စွာတက်ပြီး ခရိုမီယမ်အပေါ်ယံလွှာသည် အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးသွားတတ်ပါတယ်။ သံဖြင့်ပြုလုပ်ထားသော စင်အစား ဖန်၊ သံမဏိ သို့မဟုတ် ကြေးဝါစင်များကို ရွေးချယ်နိုင်ပါတယ်။

(၂) အဝတ်လျှော်စက်၏တင်ထားသောအလှကုန်ပစ္စည်းများ
အဝတ်လျှော်စက်အပေါ်မှ မလိုအပ်သော ပစ္စည်းများ အားလုံးကိုဖယ်ရှားရန်ကြိုးစားပါ။ သင်၏ရေချိုးခန်းပုံစံ မည်သို့ပြောင်းလဲသွားသည်ကို သင်အံ့အားသင့်သွားပါလိမ့်မယ်။

(၃) ဆပ်ပြာအစားမီးဖိုချောင်ရေမြှုပ်
ထိုအရာက ရေချိုးခန်းထဲတွင် ကြည့်လို့ကောင်းနေမှာမဟုတ်ပါ။ ဆပ်ပြာသည်ပျော့ကာချောသွားပြီးရေမြှုပ်သည် ဆပ်ပြာရေနှင့် ကွက်တိဖြစ်နေသောကြောင့် ဆပ်ပြာသည်ချောသောအရာတစ်ခုနှင့်တူသည်ကိုတွေ့ရပါတယ်။ ရေမြှုပ်ဟာ ယာယီဖြေရှင်းချက်တစ်ခုအနေနဲ့ အဆင်ပြေပေမယ့် အမြဲတမ်းအသုံးပြုဖို့အတွက်မကောင်းပါ။ အရည်အသွေးမြင့် သောဆပ်ပြာကိုသုံးခြင်းကပိုကောင်းပါတယ်။

(၄) ရေသုတ်ပဝါ ထိန်သိမ်းခြင်း
ရေချိုးခန်းအတွင်းရှိ အဝတ်အထည်များခြောက်သွေ့စေခြင်းမှာ ပိုအရေးကြီးပါတယ်။  ၎င်းတို့သည် လုံးဝခြောက်သွေ့သွားသောအခါ သီးခြားသေတ္တာတစ်ခု သို့မဟုတ် သိုလှောင်ထားသည့်နေရာတွင် သိမ်းထားရန်သတိရပါ။

(၅) သွားတိုက်တံခွက်
သင်၏ သွားတိုက်တံတွင် အနက်ရောင်အစွန်းအထင်းများကို တစ်ကြိမ်ထက်မက သတိပြုမိလိမ့်မယ်။ စုဆောင်းသော အစိုဓာတ်နှင့် အချွဲကြောင့်များကြောင့် ဖန်ခွက်၏ အောက်ခြေတွင် ဖြစ်ပေါ်သောမှိုဖြစ်ပါတယ်။ ဖန်ခွက်ကို မှန်မှန်ဆေးကြောသန့်စင်ရမည်။ ဖန်ခွက်ကို ရံဖန်ရံခါသန့်ရှင်းရေးလုပ်ရန်လည်း လိုအပ်ပါတယ်။ သင်၏ မိသားစုဝင်အားလုံး၏ သွားတိုက်တံများကို ဖန်ခွက်တစ်ခုတည်းတွင် ထားရန်မလိုအပ်ပါ။ ဘက်တီးရီးယားများသည် သွားတိုက်တံတစ်ချောင်းမှ အခြားတစ်ချောင်းသို့အလွယ်တကူကူးစက်နိုင်ပါတယ်။

ဒါကြောင့် မိမိရေချိုးခန်းအတွင်းကို ရှုပ်ပွစေသော ထို အချက် (၅) ချက်ကို သတိပြုစေချင်ပါတယ်။

Source: brightside

Decoration Housing Tips Read 1549 times