ယူအေအီး ဆောက်လုပ်ရေးကဏ္ဍ အမြန်ဆုံး အမြင့်ဆုံး အရှည်ဆုံး အနက်ဆုံး အကြီးမားဆုံး ကမ္ဘာ့စံချိန် ၅ ခု


30 November, 2021

ယူအေအီး( အာရပ်စော်ဘွားများ ပြည်ထောင်စု)ရဲ့ နိုင်ငံသက်တမ်း ရွှေရတုအတွင်းမှာ ဆောက်လုပ်ရေးကဏ္ဍက အံ့မခန်း ထူးခြားတဲ့ စံချိန်တွေ တင်လေ့ ရှိပါတယ်။ ကမ္ဘာ့အနက်ဆုံး ရေငုပ်ကန်၊ ကမ္ဘာ့အမြင့်ဆုံးတာဝါ စသဖြင့် စံချိန်သစ်တွေ တင်ခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံရဲ့ ထင်ရှားတဲ့ ဆောက်လုပ်ရေးကဏ္ဍစံချိန်တွေကို စုစည်းတင်ပြအပ်ပါတယ်။

 



အမြင့်ဆုံး အဆောက်အဦ

စော်ဘွားအုပ်ချုပ်တဲ့ ပြည်နယ် ၇ ခု စုစည်းထားတဲ့ ပြည်ထောင်စုရဲ့ ဒူဘိုင်းမြို့မှာ တည်ရှိတဲ့ အပ်အကြီးစား တစ်ချောင်း မတ်မတ်ထောင်ထားတဲ့ ပုံပန်းသဏ္ဍာန်ဆောင်ယူထားတဲ့ Burj Khalifa ဟာ ကမ္ယာ့အမြင့်ဆုံး အဆောက်အဦ ဖြစ်ပါတယ်။
အမြင့်ပေ ၈၂၉.၈ မီတာ (၂,၇၁၇ ပေ) ရှိတဲ့ မိုးထိတိုက်တာကို စတီးနဲ့ မှန်နံရံတို့ကို အဓိကအားဖြင့် အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ မြို့လယ်ပိုင်းမှာ ၂၀၀၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၅နှစ်အကြာမှာ ၂၀၀၉ မှာ ပြီးစီးခဲ့ပြီး၂၀၁၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ တရားဝင် မဖွင့်လှစ်ခင် စီမံကိန်းကာလမှာ Burj Dubai လို့ အမည်တွင်ပါတယ်။
အရှေ့ဂျာမနီ ပါလီမန် အဆောက်အဦကို နမူနာ ယူထားပါတယ်။ Skidmore, Owings & Merrill မှ Adrian Smith က ဒီဇိုင်းထုတ်ပါတယ်။

တည်ဆောက်ဆဲကာလမှာ ဘဏ္ဍာရေး အခက်အခဲ ဖြစ်ပေါ်ပါတယ်။ ခန့်မှန်းထားတာထက် ပိုမိုကုန်ကျ နေလို့ ငွေလိုနေချိန်မှာ ယူအေးအီကို အုပ်ချုပ်သူ စော်ဘွား Sheikh Khalifa က ငွေစိုက်ထုတ်ပေးဖို့ အာမခံခဲ့ပါတယ်။ တရားဝင် ဖွင့်လှစ်တဲ့အချိန်မှာ ကျေးဇူးရှင်ကို ဂုဏ်ပြုသောအားဖြင့် တာဝါကို "Burj Khalifa" လို့ တရားဝင်အမည် ပြောင်းလဲ ခေါ်ဝေါ်စေခဲ့ပါတယ်။



အကြီးမားဆုံး ချာရဟတ်

ကမ္ဘာ့အကြီးမားဆုံး ချားရဟတ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
အမြင့် မီတာ ၂၅၀ (ပေ ၈၂၀) ရှိပါတယ်။ အမည်က ဒူဘိုင်းမျက်လုံး လို့ ဆိုလို့တဲ့ Ain Dubai ချားရဟတ်ကြီးကို Bluewaters ကျွန်းတုပေါ်မှာ တည်ဆောက်ထားပါတယ်။

လူ ၄၀ ဦးအထိ စီးနိုင်တဲ့ တွဲအိမ် ၄၈ ခု ပါပြီး တစ်ပတ်အပြည့် လည်ဖို့ ၃၈ မိနစ် ကြာပါတယ်။

အနက်ဆုံး ရေငုပ်ကန်
၂၀၂၁ ဇွန်လမှ ကမ္ဘာ့အနက်ဆုံး ရေငုပ်ကန် Deep Dive Dubai ကို ဒူဘိုင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆောက်အဦအတွင်း စကူဘာရေငုပ်ဖို့အတွက် မီတာ ၆၀ (၁၉၆ ပေ) အထိ နက်ပါတယ်။ ရေအောက်မြို့တော်တစ်ခုကိုလည်း ဆောက်လုပ်ပေးထားပါတယ်။ လိုဏ်ဂူတွေလည်း ထည့်ဆောက်ပေးထားပါတယ်။
 


အမြန်ဆုံး ရိုလာကိုစတာ

အဘူဒါဘီ မြို့တော်မှာ တည်ရှိတဲ့ ရိုလာကိုစတာဟာ ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ ဖြစ်ပါတယ်။ Formula Rossa လို့ အမည်ပေးထားပါတယ်။ Formula One ပြိုင်ကားပြိုင်ပွဲမှ ပြိုင်ကားတွေလို မြန်ဆန်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ တစ်နာရီ ပီလိုမီတာ ၂၄၀ (မိုင် ၁၅၀) အထိ မြန်ပါတယ်။ ပြိုင်ကားလုပ်ငန်း Ferrari World အပျော်ဉယျာဉ်ထဲမှာ တည်ဆောက်ပေးထားပါတယ်။ ၂၀၁၀ နိုဝင်ဘာလမှာ ဖွင်လှစ်ခဲ့ပါတယ်။



အရှည်ဆုံး ဇစ်လိုင်း
Hajar တောင်တန်းမှာ အမြင့်ဆုံးတောင်Jebel Jais မှာ စီစဉ်ပေးထားတဲ့ Ras Al-Khaimah ဇစ်လိုင်းဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အရှည် မီတာ ၂,၈၃၁.၈၈ (၉,၂၉၀ ပေ ) ရှိပါတယ်။

ဇစ်လိုင်းအတိုင်း ဆင်သွားရင်း အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၅၀ (၉၃ မိုင်) အထိ ရောက်ပါတယ်။

 

 

Tips Read 674 times