ရခိုင်ပြည်နယ်ရှိ မြို့မဈေးကြီး ငါးခုအား လေးထပ်အဆောက်အအုံ များအဖြစ် အဆင့်မြှင့်တင်မည်


09 November, 2020

ရခိုင်ပြည်နယ်ရှိ မြို့မစျေးကြီးငါးခုကို လေးထပ်အဆောက်အအုံများအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

အဆင့်တိုးမြှင့်မည့် စျေးကြီးများမှာ စစ်တွေ၊ကျောက်တော်၊တောင်ကုတ်၊ရမ်းဗြဲနှင့် ဂွမြို့များဖြစ်ကြပြီး ယင်းသို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် လုပ်ငန်းရှင်များအား တင်ဒါစတင်ခေါ်ယူနေပြီ ဖြစ်ကာ တင်ဒါ လျှောက်လွှာများကို အောက်တိုဘာ ၁၆ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

ယခုတွင် စျေးများကျပ်လာခြင်း၊ဟောင်းနွမ်းလာခြင်း၊တို့ကြောင့် အဆင့်မြှင့်တင်ရန်စီစဉ်ရခြင်းဖြစ်ကြောင်းကို ရခိုင်ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရသည်။

စျေးပြီး သွားလျှင် ယခုရောင်းချနေသော စျေးဆိုင်ခန်းများကို မည်သို့စီမံဆောင်ရွက်မလဲ ဆိုသည်ကို သေးစိတ်ချပြထားခြင်းမျိုးမရှိသေးကြောင်း စစ်တွေမြို့မစျေးကော်မတီ အတွင်းရေးမှုးက ပြောကြားသည်။

စျေးများအဆင့်မြှင့်တင်ရာတွင် စျေးတစ်ခုအတွက် ကုန်ကျနိိုင်မည့် ငွေပမာဏနှင့် အချိန်မည်မျှ ကြာမြင့်မည် ဆိုသည်ကို တွက်ချက်နေဆဲသာ ရှိသေးသည့်အတွက် အသေးစိတ်မသိရကြောင်း သိရသည်။

Democracy today

Factory and Industrial Plant Read 28 times