FMI ၏ City Loft West အပါအဝင် ရင်းနှီးမြှုပ်နှံမှု ၅ ခု ခွင့်ပြု


20 December, 2020

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ လုပ်ငန်း ၅ ခု ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများသည် အလုပ်အကိုင် အခွင့်အလမ်း ၃၃၂ ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။  

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သည့် လုပ်ငန်းများ စာရင်း

======================= 

၁။ Skylark Sunline Company Limited မှ လုပ်ကိုင်သည့် မျိုးကြက်ခြံနှင့် ကြက်ဥ ကြက်သားပေါက် ထုတ်လုပ်ဖြန့်ဖြူးရေးချခြင်း လုပ်ငန်းသည် ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် တည်ရှိပါသည်။ 

၂။ ပြောင်းမျိုးစေ့ ထုတ်လုပ်ရောင်းချခြင်း လုပ်ကိုင်သည့် CPP Myat Min Agro Company Limited  သည် ဖက်စပ်ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် တည်ရှိပါသည်။ 

၃။ FMI Riverside Development Limited သည် City Loft West  အမည်ဖြင့် အိမ်ရာအဆောက်အဉီများ ဆောက်လုပ်ပြီး ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့ကို လုပ်ကိုင်မည် ဖြစ်ပြီး ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ စီမံကိန်း တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လိှုင်မြစ်ကမ်းနားလမ်း ဘုရင့်နောင်တံတားနှင့် အောင်ဇေယျတံတားတို့အကြားတွင် ဖြစ်ပါသည်။ 

၄။ Brighter PTT Oil and Retail Business Company Limited မှ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ ပြည်ပမှ တင်သွင်းပြီး သိုလှောင်ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်လုပ်ကိုင်မည့်  လုပ်ငန်းသည် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး တည်နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်နှင့် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တောင်ရပ်ကွက်တို့ ဖြစ်ပါသည်။  

၅။ Royal Prosperity Company Limited မှ လုပ်ကိုင်မည့် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းသည် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ပုသိမ်ကြီးရပ်ကွက်တွင် တည်ရှိပါသည်။  

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အတည်ပြုခဲ့သည့် လုပ်ငန်းစာရင်း

====================== 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အတည်ပြုပေးခဲ့ပါသည်။ 

၁။ Sincere Season (Myanmar) Garment Co., Ltd. မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြစိမ်းရောင် စက်မှုဇုန်တွင် ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ်ဖြင့် လုပ်ကိုင်မည့် အထည်ချုပ်လုပ်ငန်းဖြစ်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင် အခွင့်အလမ်း ၃,၀၀၄ ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။  

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ 

နိုင်ငံ/ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၄%) ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၀၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၅၆%) ဖြင့် လည်းကောင်းရင်းနှီးမြှုပ်နှံထားပါသည်။

Institution Local Read 191 times