လာနေမည့် သူများကို အိမ်တွေ အလကားပေးနေမဲ့ နိုင်ငံ (၅)နိုင်ငံ


23 November, 2020

ယခုခေတ်ကာလမျိုးတွင် အိမ်တစ်လုံး ပိုင်ဆိုင်ရန်မလွယ်ကူပေ။အိမ်တစ်လုံးပိုင်ရန် အသာထား၊မြေတစ်ကွက်ဝယ်ဖို့ပင်တော်တော်ခက်ခဲနေသည်။

သို့သော် တချို့နိုင်ငံများတွင် ၎င်းတို့ဆီမှာ လာနေလျှင် အိမ်များ အလကားပေးမည်ဟု ကမ်းလှမ်းထားသည်။အိမ်များ အလကားပေးသည့်နိုင်ငံတွေကတော့

၁။အမေရိကန်

အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်းရှိ အင်ဒီယားနားပြည်နယ်က ဂါရီမြို့၊မစ်ချီဂန်ပြည်နယ်က ဒက်ထရွိုက်မြို့များတွင် အိမ်ရာပိုင်ဆိုင်ရန် အခွင့်အလမ်းကောင်းများရှိသည်။အလုပ်အကိုင်ကောင်းပြီး ဝင်ငွေလည်းရှိသည်။

အိမ်ရာများကို ပြန်လည်မွမ်းမံ ရန်အစီအစဉ်လည်း ရှိသည်ဆိုလျှင် အာဏာပိုင်များမှ အိမ်တွေကိုပေးသွားမည်ဖြစ်သည်။

 

၂။တောင်အာဖရိက

တောင်အာဖရိက နိုင်ငံ အနေဖြင့် အီတလီ နှင့် အမေရိကန် နိုင်ငံများလို မဟုတ်။ဆင်းရဲနွမ်းပါးသော ဒေသခံများကို အိမ်များ အလကားပေးနေခြင်းဖြစ်သည်။အကယ်၍ တောင်အာဖရိကနိုင်ငံ တွင် ဆင်းရဲနွမ်းပါးသော

စာရင်းဝင်လျှင် တော့ အိမ်ပိုင် ရရင်ရ၊မရလျှင် အိမ်ရာတစ်ခုခုတွင် နေထိုင်ခွင့်ရမည်မှာ သေချာသည်။

 

၃။ပစ်ကိန်းကျွန်း

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းတွင် ရှိသော ပစ်ကိန်းကျွန်း ဆိုသည့် ဗြိတိန်နိုင်ငံ၏ ပင်လယ်ရပ်ခြားပိုင်နက်တစ်ခုဖြစ်သည်။ထိုကျွန်းတွင် နေထိုင်သည့် လူဦးရေ တဖြည်းဖြည်း နည်းပါးလာသည့်အတွက် လူ ၅ဝ သာကျန်တော့သည်။

ထို့ကြောင့် သူတို့ဆိ လာနေချင်သူများကို မြေယာများ အခမဲ့ပေးနေသည်။ထို့ကြောင့် သူတို့ဆီ လာနေမည့်သူများကို မျှော်လင့်နေခြင်းဖြစ်သည်။

 

၄။ကိုလံဘီယာ

ကိုလံဘီယာနိုင်ငံကတော့ သွင်ပြင်တစ်မျိုးနှင့် လှပသည့်တောင်အမေရိကတိုက်တွင် တည်ရှိသည်။ကိုလံဘီယာနိုင်ငံသည် တောင်အာဖရိက လိုပင် ဆင်းရဲနွမ်းပါးသူများကို အိမ်ရာများအခမဲ့ပေးနေသည်။

ကိုလံဘီယာနိုင်ငံသည် ဆင်းရဲနွမ်းပါးသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ကမ္ဘာ့လှည့်ခရီးသွားများသွားရောက်လည်ပတ်ရာနေရာဖြစ်လာသလို စီးပွားရေးလည်း ပိုမိုအားကောင်းလာသည်။Farc လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့၍

ကိုလံဘီယာနိုင်ငံ ၏ အခြေအနေသည် ပိုပြီး တိုးတက်လာတော့မည်ဖြစ်သည်။

 

၅။အီတလီ

အီတလီနိုင်ငံ စစ္စလီကျွန်းသည် ဂန်ဂျီ မြို့တွင် လူဦးရေ နည်းပါးလာသည့် အတွက်ဆယ်စုနှစ်အတွင်း လူမနေသည့်အိမ်များ တစ်ဆထက်တစ်ဆ ပိုများခဲ့သည်။

ထို့ကြောင့်ဂန်ဂျီမြို့သည်လည်းခြောက်ကပ်လျက်ရှိသည်။အာဏာပိုင်များသည် ၎င်းတို့မြို့အား စည်ကားစေချင်ကြသည်။သူတို့ ဆီ လာနေမည့် လူသစ်များကို ထိုအိမ်များကို ပြင်ဆင်မွမ်းမံပြီး နေထိုင်မည်ဆိုလျှင်

ဂန်ဂျီမြို့အာဏာပိုင်အဖွဲ့သည် အလကားပေးရန် အသင့်ပင်ဖြစ်သည်။

Global Tips Read 33 times