နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့် ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းငါးခု


01 March, 2020

၂၀၁၈-၂၀၁၉ စာရင်းတွင် ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့် နိုင်ငံခြားလုပ်ငန်းရှင်စာရင်းမှာ ၁၀၀ ဦးရှိပြီး အများဆုံးပေးဆောင်ရသည့် ပမာဏမှာလည်း ကျပ်သန်းပေါင်း ၁၀၀,၀၀၀ အထိရှိခဲ့ပါသည်။

 ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သည့် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းရှင် အရေအတွက်နှင့် ထမ်းဆောင်သည့် အခွန်ပမာဏများ ကျဆင်းခဲ့သည်။

 ယခင်နှစ်က ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းသည် ကျပ်သန်း ၁၄၀၀၀၀ အထက် ပေးဆောင်ခဲ့ပြီး ဝင်ငွေခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် လုပ်ငန်းပေါင်း ၂၆၉ ခု ပါဝင်ခဲ့သည်။

 ထို့အတူ ၂၀၁၆-၂ဝ၁၇ခုနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းသည် ကျပ်သန်း ၁၀၀၀၀၀ အထက်ပေးဆောင်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြား ကုမ္ပဏီများ စာရင်းတွင် လုပ်ငန်းပေါင်း ၂၉၉ ခု ပါဝင်ခဲ့သည်။

 ထို့ပြင် နိုင်ငံခြားလုပ်ငန်းများ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများ စာရင်းတွင် လုပ်ငန်းပေါင်း ၁၆၆ ခုပါဝင်ပြီး ဆက်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း စသည်တို့ ပါဝင်သည်။

 ယင်းနိုင်ငံခြား လုပ်ငန်းရှင်များအနက်မှ ဆောက်လုပ်ရေးနှင့် ပတ်သတ်ပြီး ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ထိပ်တန်းလုပ်ငန်းရှင်ငါးဦးကို ကောက်နှုတ် ဖော်ပြလိုက်ရပါသည်။

 ကျပ်သန်း သုံးထောင်အောက်

 (၁)Golden Hill Tower Ltd

 Golden Hill Tower Ltd အနေဖြင့် ကျပ်သန်းသုံးထောင်အောက်ပေးဆောင်သည့် အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး စတင်တည်ထောင်ခဲ့သည့် ၁၅နှစ်ခန့်ရှိပြီဖြစ်သည်။ဝင်ငွေခွန်ပေးဆောင်သည့် လုပ်ငန်းများအနက် အဆင့် (၁၁)တွင် ရပ်တည်နေသော်လည်း ဆောက်လုပ်ရေးကဏ္ဍနှင့်ပတ်သတ်၍ ဝင်ငွေခွန်ပေးဆောင်ရာတွင် နံပါတ်(၁)နေရာကို ရရှိခဲ့သည်။

 ယင်းကုမ္ပဏီသည် ဂျပန်နိုင်ငံက ရင်းနှီးမြှပ်နှံမှုပြုလုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ၁၉၉၇ခုနှစ်ဖေဖော်ဝါရီလက ခွင့်ပြုပေးခဲ့သည့် ကုမ္ပကြီးတစ်ခုဖြစ်သည်။

 လုပ်ငန်းအမျိုးအစား

 Services

 ဆက်သွယ်ရမည့်လိပ်စာ

 အမှတ်-၂၄/၂၆။ကမ္ဘာအေးဘုရားလမ်း၊ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ၊ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

(၂) MYANMAR POSCO E&C (ENGINEERING & CONSTRUCTION)COMPANY LIMITED

 MYANMAR POSCO E&C (ENGINEERING & CONSTRUCTION)COMPANY LIMITEDအနေဖြင့်လည်း ကျပ်သန်း သုံးထောင်အောက်ပေးဆောင်သည့် ဆောက်လုပ်ရေးကုမ္ပကြီးတစ်ခုဖြစ်သည်။

 တောင်ကိုရီးယား လုပ်ငန်းရှင်ပိုင်ဆိုင်သည့် ကုမ္ပဏီကို တည်ထောင်ခဲ့သည်မှာ ခြောက်နှစ်ခန့်သာရှိသေးသော်လည်း ပြည်တွင်း၌ စတီးဖြန့်ချိရေးလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 လုပ်ငန်းအမျိုးအစား

 Engineering & Construction၊ဆောက်လုပ်ရေး၊စတီးဖြန့်ချိရေး။

 ဆက်သွယ်ရမည့်လိပ်စာ

 အမှတ်-၂၈၊ဘလောက်(၇)၊ဆင်ဖြူရှင်ရိပ်သာ၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

 (၃) UMW Engineering ServicesCo., Ltd

 UMW Engineering Services Co., Ltdအနေဖြင့် ကျပ်သန်းသုံးထောင်အောက်ပေးဆောင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်သုံးယန္တရားများ ဖြန့်ဖြူးသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ ၁၉၉၉ခုနှစ်မှ စတင်ကာမြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ယန္တရားများကို ဖြန့်ဖြူးခဲ့သည်။

 လုပ်ငန်းအမျိုးအစား

 Retail trade, except of motor vehicles and motorcycles.

 ဆက်သွယ်ရမည့် လိပ်စာ

 အမှတ် ၁၉၄၄/ဘီ၊နံပါတ်(၆)ရန်ကုန်-ပုသိမ်လမ်းမကြီး၊၊အဆင့်မြင့်ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

 ကျပ်သန်းနှစ်ထောင်အောက်

 (၄) Penta-Ocean Construction Co.,Ltd (Myanmar Branch Office)

 ဂျပန်နိုင်ငံသားပိုင် Penta-Ocean Construction Co.,Ltd (Myanmar Branch Office)သည် ဝင်ငွေခွန် ကျပ်သန်းနှစ်ထောင်အောက်ပေးဆောင်သည့် ကုမ္ပဏီကြီး ဖြစ်သည်။

 ၂ဝ၁၃ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းများ ရောင်းဝယ်ခြင်း၊ပြင်ဆင်ခြင်း၊အဆောက်အဦးများ ဆောက်လုပ်ခြင်း၊မြို့ပြအင်ဂျင်နီယာ၊အစိုးရပရောဂျက်များ၊ဗိသုကာနှင့် အင်ဂျင်နီယာဆိုင်ရာ နည်းပညာသင်တန်းများ၊ပညာပိုင်းဆိုင်ရာဆွေးနွေးခြင်းဝန်ဆောင်မှု လုပ်ငန်းများ၊အဆောက်အဦးများနှင့် လူနေမှု အိမ်ရာများ ဒီဇိုင်းရေးဆွဲခြင်းစသည့် ဝန်ဆောင်လုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 လုပ်ငန်းအမျိုးအစား

 Construction

 ဆက်သွယ်ရမည့် လိပ်စာ

 အမှတ်-၃၇၊အခန်း(၂၀၂)လပြည့်ဝန်းပလာဇာ၊၊အလံပြဘုရားလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

 (၅) Mingalardon Industrial Park Co.,Ltd

 Mingalardon Industrial Park Co.,Ltdသည် ကျပ်သန်းနှစ်ထောင်အောက်ပေးဆောင်သည့် ကုမ္ပဏိတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ၊ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍများကို လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 အိမ်ရာများဆောက်လုပ်ခြင်းအပြင် ဂျပန်နှင့် စင်ကာပူနိုင်ငံတို့မှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အိမ်ရာများဆောက်လုပ်ခြင်း၊လျှပ်စစ် ကဏ္ဍနှင့် လမ်း၊တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 ၁၉၉၈ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် ကုမ္ပဏီအနေဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောက်လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 လုပ်ငန်းအမျိုးအစား

 Construction

 ဆက်သွယ်ရမည့် လိပ်စာ

 အမှတ်-၃၊အဝေးပြေးလမ်းမနှင့် ခရေပင်လမ်းထောင့်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

Real Estate & Properties Read 56 times