ပန်းတနော်တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ စတင်တည်ဆောက်


17 December, 2020

မြန်မာပြည်တွင်သာမက အာရှ၏ အကြီးမားဆုံး ဧက ၉၀၀ ရှိ ငါးမွေးမြူရေး ထုတ်လုပ်ရေးဇုန်တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ တည်ဆောက်ရန် ပိုင်တိုင်ရိုက်သွင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ဝါးခယ်မ-ရွှေ လောင်းကားလမ်းမကြီး (၁၇ မိုင်၊ ၆ ဖာ လုံ)နှင့်ကပ်လျက်တွင်တည်ဆောက်ထား သည့် ငါးမွေးမြူထုတ်လုပ်ရေးဇုန်ကြီး တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့ခေါင်း ဆောင် နိုင်ငံတော်ဒုတိယသမ္မတ (၂) ဦး ဟင်နရီဗန်ထီးယူတက်ရောက်ခဲ့ပြီး လမ်း ညွှန်မှုများပြုလုပ်ခဲ့ကာ ငါးမွေးမြူရေး ထုတ်လုပ်သောဇုန်ကြီးကို လှည့်ပတ် ကြည့်ရှုခဲ့သည်။

“ငါးလုပ်ငန်းဟာ ကိုယ့်ရဲ့အိမ်နီး ချင်းနိုင်ငံတွေထက် ဘာလို့များ နိမ့်ကျနေ လဲဆိုပြီး ၂၀၁၈ ခုနှစ်မှာ အာဆီယံနိုင်ငံ တွေရယ် ဂျပန်တို့ တရုတ်တို့ စတဲ့ ငါးလုပ် ငန်းနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တွေကို လေ့လာခဲ့တယ်။ ငါးမွေးမြူရေး ထုတ်လုပ်ရေးဇုန်ဟာ အာရှမှာ အကြီးဆုံး လည်းဖြစ်တယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် စက်ရုံဆိုတစ်နေရာ၊ မွေးတဲ့နေရာဆိုတစ် နေရာ၊ အစာစက်ရုံကလည်း တစ်နေရာ ဆိုပြီး လည်ပတ်နေတာတွေ့တယ်။ ဒီမှာ ကျတော့ မွေးတဲ့နေရာလည်းဒီမှာပဲ။ သားဖောက်မယ်၊ မျိုးငါးတွေစုဆောင်း မယ် စတာတွေကို တစ်နေရာတည်းမှာပြု လုပ်တယ်။

ပြီးတော့ အစာစက်ရုံ၊ Processing စက်ရုံ၊ ဒီကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့စက်ရုံတွေလည်း ဒီမှာတစ်ခါ တည်းပါမှာဖြစ်တဲ့အတွက် သူသည် Integrated Food Complex ဖြစ်သွား မယ်။ အာရှမှာပဲကြည့်ကြည့် တရုတ်မှာပဲ ကြည့်ကြည့် ငါးလုပ်ငန်းနဲ့ပတ်သက်ပြီး အများကြီးလုပ်နေတယ်။ သို့သော်လည်း ဒီလို တစ်နေရာတည်းစုပေါင်းပြီး ဘယ်သူ မှမလုပ်သေးဘူး။ အဲဒါကြောင့် Asia ရဲ့Model ပဲဆိုဆို ကိုယ့်နိုင်ငံရဲ့ Model ပဲဆိုဆို ဒါကြီးကို စလုပ်တာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိ ယဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာတိုးနန္ဒာတင် က ဆိုသည်။

ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပန်း တနော်ရှိ စံပြ Food Complex ကြီး အောင်မြင်သွားပါက ယင်းကဲ့သို့ Complex မျိုးကို မြန်မာပြည်အနှံ့ငါးမွေးမြူနိုင် သည့်နေရာအားလုံးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ငါးမွေးမြူထုတ်လုပ်ရေးဇုန်ကြီးကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ဦး ဆောင်မှုဖြင့် Global Earth Agro & Aqua Industry အများပိုင်ကုမ္ပဏီကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တည် ထောင်ခဲ့ပြီး ခေတ်မီငါးသားဖောက်လုပ် ငန်း၊ ခေတ်မီစနစ်ဖြင့် အသားတိုး ငါးမွေး မြူရေးလုပ်ငန်း၊ ခေတ်မီအစာစက်ရုံ၊ ခေတ်မီအအေးခန်းစက်ရုံ၊ ဘေးထွက် ပစ္စည်းပြုပြင်ထုတ်လုပ်သောစက်ရုံ၊ ဝန် ထမ်းအိမ်ရာများနှင့် စာသင်ကျောင်း၊ ဆေးခန်းတို့ပါဝင်သည့် Food Industry Complex စီမံကိန်းကို အကောင်အထည် ဖော်သွားမည်ဟုသိရသည်။

 

Region Read 44 times