ရင်းဂစ် သန်း ၄၀၀ လေဆိပ်ရထားစီမံကိန်းတင်ဒါ နောက်ဆုံးအဆင့် ရောက်ရှိ


05 September, 2021

 

 

ရင်းဂစ် သန်း ၄၀၀ လေဆိပ်ရထားစီမံကိန်းတင်ဒါ စိစစ်မှု နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်ပြီး နောက်ဆုံးအဆင့်စာရင်းတွင် ပါဝင်ကြောင်း MAHB(Malaysia Airport Holdings Bhd) က  ထုတ်ပြန်ကြေညာသည်။

မလေးရှားနိုင်ငံ မြို့တော် ကွာလာမ်ပူမှ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ရှိသုံးစွဲနေသော လေဆိပ်ရထား aerotrain သုံးစီးစလုံး အသစ်လဲပေးရမည့် အချိန် ရောက်ရှိနေပြီး သက်တမ်းကုန်ခါနီးပြီဟု MAHB  က ပြောကြားသည်။

အဆိုပါ အိုမင်းနေသော လေဆိပ်ရထားများ အစားထိုးလဲလှယ်ရန် စီမံကိန်းတင်ဒါ  ကုန်ကျမည့်တန်ဖိုးကို  ရင်းဂစ် သန်း ၄၀၀ ဟု ခန့်မှန်းထားသည်။ ယခုအခါ တင်ဒါစိစစ်အကဲဖြတ်သည့် နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ  အလိုအလျောက် လူအများ ရွှေ့ပေးယာဉ် Automated People Mover (APM) ဟု ခေါ်ဝေါ်သည့် လေဆိပ်ရထားတင်ဒါများကို နည်းပညာဆိုင်ရာ အကဲဖြတ်သည့်အဆင့်အပြီးတွင် ဇကာတင်စာရင်းကို ထုတ်ပြန်သည်။ ယခုအခါ စီးပွားရေးအကျိုးအမြတ် မည်သို့ရှိမည်ဆိုသည်ကို အကဲဖြတ်ဆန်းစစ်နေသည်။
ထိုလုပ်ငန်းစဉ်ကို လာမည့် နောက်နှစ်လအတွင်းတွင် အပြီးသတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း MAHB က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ 

မလေးရှားလေဆိပ်တင်ဒါ လုပ်ထုံးလုပ်နည်းမှာ ပထမဆုံးအဆင့်တွင် စီးပွားရေး ရည်မှန်းချက်များ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စွမ်းရည်ဆိုင်ရာ လိုအပ်ချက်များကို ဆန်းစစ်သည်။ တင်သွင်းလာသည့် တင်ဒါများအားလုံးကို ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ပြီး လိုအပ်ချက်စံများနှင့် ချိန်ဆသည်။ 

မလေးရှားနိုင်ငံ မြို့တော် ကွာလာမ်ပူမှ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်ရှိသုံးစွဲနေသော လေဆိပ်ရထား aerotrain သုံးစီးတွင် နှစ်စီးသည် လေဆိပ် ပထမဆုံးစဖွင့်ခဲ့သည့် ၁၉၉၈ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့သည်။ တတိယလေဆိပ်ရထားကို ၂၀၁၀ ခုနှစ်တွင် ထပ်ဖြည့်ထည့်ခဲ့သည်။ 
ယေဘုဘျအားဖြင့် လေဆိပ်ရထားအတွက် APM နည်းပညာ နှစ်မျိုး ရှိသည်။ တစ်မျိုးမှာ ရထားကိုယ်တိုင် စွမ်းအင်ထုတ်လုပ်ပြီး မောင်းနှင်ခြင်း ဖြစ်သည်။ ကျန်တစ်မျိုးမှာ ဓာတ်အားလိုင်း သွယ်တန်းပေးထားပြီး ရထားက ဓာတ်အားလိုင်းမှ လျှပ်စစ်စွမ်းအင် ရယူ၍ မောင်းနှင်ခြင်းဖြစ်သည်။ ကွာလာလမ်ပူလေဆိပ်တွင် ယခု သုံးစွဲထားသည်မှာ ပထမအမျိုးအစား ဖြစ်သည်။ 

ကုမ္ပဏီက ပြောကြားသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း Automated People Mover (APM) နည်းပညာ သိသိသာသ တိုးတက်ကောင်းမွန်လာခဲ့သည်ဖြစ်ရာ လက်ရှိ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သုံးစွဲနေသော APM  နည်းပညာသည် ခေတ်နောက်ကျကျန်ရစ်သည်။ အဟောင်းကို ပြုပြင်ထိန်းသိမ်းရသည်မှာ စရိတ်စက ပိုကြီးမားသည်။ ပုံမှန်ပြေးဆွဲရန် ကြံ့ခိုင်မှုကိုလည်း စိတ်မချရချေ။ သိုဖြစ်ရာ လေဆိပ်ရထား အသစ် လဲလှယ်ရန် လိုအပ်နေပြီး လေဆိပ်တိုးတက်ဖြစ်ပေါ်မှုများနှင့် ဟန်ချက်ညီညီ ဝန်ဆောင်မှု ပေးနိုင်စေမည် ဖြစ်သည်။ 
၁၉၉၈ ခုနှစ်တွင် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1  တွင် ခရီးသည် ၁၃ သန်း သုံးစွဲခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သုံးစွဲသူ ၂၉ သန်း ဖြစ်လာခဲ့သည်။ 
nst.com

Infrastructure Read 2050 times