ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု အခြေအနေ


12 November, 2020

ဖလမ်းမြို့အနီး ဖလမ်းမြို့မှ ရှစ်မိုင်ကျော် အကွာ ရိခေါဒါရ်မြို့ သွားရာလမ်းပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၉ဝဝ ရှိ ဆူူရ်ဘုန်တောင်တန်းကြီး ပေါ်တွင် ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်း ဖလမ်းဆူရ်ဘုန်လေဆိပ်ကို ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ် မှ စတင်တည်ဆောက်လျက်ရှိရာ

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ဒေသများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းပန်းဆက်သွယ်ရေးကဏ္ဍပိုမို အဆင်ပြေ ကောင်းမွန်ပြီး ဒေသတွင်းခရီးသွားနှုန်းမြင့်တက်လာစေရန်၊လာရောက်လည်ပတ်မည့် ပြည်တွင်းပြည်ပခရီးသည်များ အလွယ်တကူလာရောက်နိုင်စေရန်နှင့် လက်ရှိဖော်ဆောင်နေသော သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် အတွက် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်ကွင်းတည်ဆောက်ရန် စီမံကိန်းတစ်ခုလုံးအတွက် နိုင်ငံတော်မှ ရန်ပုံငွေ ကျပ် ၂၅ဘီလီယံအသုံးပြုရန်လျာထားပြီး ယခုအချိန်တွင် ငွေကျပ်သန်းပေါင်း ၂၉ဝဝ အထိ

အသုံးပြုထားပြီးဖြစ်ကြောင်း၊လေယာဉ်ကွင်း တည်ဆောက်မှုပြီးစီးပါက ART-72လေယာဉ်များပါဆင်းသက်နိုင်ရန်ခံနိုင်ရည်စွမ်းအား ပေါင် ၅ဝဝဝဝရှိသောလေယာဉ်ပြေးလမ်းအရှည်ပေ ၆ဝဝဝ၊အကျယ်ပေ ၁ဝဝနှင့်

လေယာဉ်ရပ်နားရန်နေရာကို အလျားပေ၂၅ဝ၊အနံပေ၂၅ဝ၊သတ်မှတ်ထားကြောင်း အလျားပေ ၂ဝဝ၊အနံ ၈၆ပေ ရှိ လေဆိပ်အဆောက်အအုံနှင့် Control Tower များကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းလေယာဉ်ကွင်း တည်ဆောက်ပြီးစီးသွားပါက ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး၊ထန်တလန်၊ဖလမ်း၊ တီးတိန်၊တွန်းဇံ၊ကျိခါး၊ရိခေါဒါရ်မြို့များ၊စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီးဂန့်ဂေါမြို့

တို့နှင့် အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များလည်း လာရောက် လည်ပတ်ရန် လွယ်ကူလာမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း၊ချင်းပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်ကြောင်း သိရသည်။

ဖလမ်းလေယာဉ်ကွင်း ဆူရ်ဘုန်လေဆိပ်သည် ဒေသခံပြည်သူများ၏ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး

နှင့်ပြည်နယ် ၁၄ခုအနက် ချင်းပြည်နယ်သည်လေယာဉ်ကွင်းမရှိသေးသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်ကြောင်း သိရသည်။

The Mirror

Region Factory and Industrial Plant Read 30 times