Sedona Hotel အလုံခန်းမတွင် ပြုလုပ်နေသည့် ပြပွဲ


21 November, 2020

ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Your Property Finders(YPF) Real Estate ကုမ္ပဏီသည် နယူးဇီလန်နိင်ငံဧ။် developer များထဲမှတစ်ခုဖြစ်သော Conrad Properties Group နှင့်လက်တွဲ၍

New Zealand Property Exhibition ကို ၂၀၁၇ ခုနှစ် ဒီဇင်လာလတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်မှ ၁၈ ရက်နေ့အထိတိုင်အောင် ရန်ကုန်မြို့ Sedona Hotel အလုံခန်းမတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

YPF ကုမ္ပဏီသည် အိမ် ၊ ခြံ ၊ မြေ(ကွန်ဒို ၊ တိုက်ခန်း ၊ လုံးချင်းအိမ် ၊ ရုံးခန်း ၊ ဂိုဒေါင် ၊ စက်မှုဇုန်) စသည်တို့ကို ရောင်း ၊ ဝယ် ၊ ဌား ၊ ရင်းနှီးမြှပ်နံှမှု အစရှိသည့် ဝန်ဆောင်မှုများပေးသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ယခုပြပွဲတွင်ရောင်းချသည့် နယူးဇီလန် Properties များအပြင် စင်ကာပူ ၊ ဘန်ကောက် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ မလေးရှား ၊ လန်ဒန် ၊ Sydney ၊ Melbourne စသောနေရာများမှ Properties များကိုလည်းရောင်းချပေးလျှက်ရှိကြောင်း သိရပါသည်။

ယခုပွဲတွင် နယူးဇီလန်နိင်ငံမှ Luxury Condominium ၃ ခုကိုရောင်းချပေးမည်ဖြစ်ပြီး ယင်းကွန်ဒို(၃)ခုစလုံးသည် နယူဇီလန်နိင်ငံ Auckland မြို့ဧ။် CBD(Central Bussiness District) ဧရိယာထဲ တွင်တည်ရှိကြောင်းသိရပါသည်။

ပြပွဲအချိန်မှာ ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက် နှင့် ၁၈ ရက် မနက် ၁၀ နာရီမှ ညနေ ၆ နာရီ အထိဖြစ်ပြီး နေ့စဉ် ညနေ ၃ နာရီအချိန်တွင် ယခုရောင်းချသည့် နယူးဇီလန်နိင်ငံ ကွန်ဒိုတိုက်ခန်းရင်းနှီးမြှပ်နှံမှု အခွင့်အလမ်း Short Presentation ကိုမိနစ် ၃၀ ခန့်ပြုလုပ်ပေးမည်ဖြစ်ကြောင်းလည်းသိရပါသည်။

Events Read 70 times