သီလဝါတွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် စတီးစက်ရုံ


21 November, 2020

သီလဝါအထူးစီးပွားရေးဇုန်အပိုင်း(ခ) တွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမည့် စတီးစက်ရုံကို ယခုနှစ်တွင် စတင်တည်ဆောက်ရန် ရှိကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ အဆောက်အအုံဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် စတီးပစ္စည်းအများစုကို ပြည်ပမှ တင်သွင်းနေရပြီး အထူးသဖြင့် သွပ်ရေစိမ် စတီးချောင်း သို့မဟုတ်

အရောင်ချယ်စတီးပြားများ၏ ၉ဝရာခိုင်နှုန်း ကို ပြည်ပ မှ တင်သွင်းနေရသည်။

ထို့ကြောင့် ထိုကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်တွင် ထုတ်လုပ်မည့် စတီးသံမဏိထုတ်ကုန်များ ပစ္စည်းများနှင့် မြန်မာနိုင်ငံ၏စတီး လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိဖြည့်ဆည်းပေးနိုင်မည် ဟု ယုံကြည် သည်ဟု မြန်မာ့အထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယ သမ္မတ မှ ပြောကြားကြောင်း သိရသည်။

ယင်းစက်ရုံကို JFE Meranti Myanmar Holding Pte.Ltd မှ တည်ဆောက်မည်ဖြစ်ပြီး ကုမ္ပဏီတွင် JFE Steel မှ ၃၅ရာခိုင်နှုန်း၊ Meranti Steel မှ ၂ဝရာခိုင်နှုန်း၊ JFe Shoji မှ ၁၅ရာခိုင်နှုန်း၊Mrubeni Itochu Steel မှ

၁၅ရာခိုင်နှုန်း နှင့် Hanwa မှ ၁၅ရာခိုင်နှုန်းထည့်ဝင်ထားပြီး ရုံးချုပ် သည် စင်ကာပူတွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ အနေဖြင့် အမေရိကန်ဒေါ်လာ ၈၅သန်း ရှိမည်ဖြစ်ကာ စက်ရုံတည်ဆောက်မှုသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးမည်ဖြစ်သည်။

လုပ်ငန်းစတင်ပါက မြန်မာနိုင်ငံ မှ ပညာရှင်နှင့် လုပ်သား ၃ဝဝခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စက်ရုံမှ စတင်လုပ်ကိုင်မည့် အလွှာ အုပ်ပိုင်းတွင် သွပ် နှင့် သွပ် အလူမီနီယမ်အုပ်နည်း ပညာများနှင့် ပြုလုပ်သွားမည်ဖြစ်ပြိး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၈ဝ,ဝဝဝ ခန့်နှင့် အရောင်ခြယ်လိုင်းတွင်

ဆန်းသစ်သော နည်းပညာများကို အသုံးပြု၍ အရည်အသွေး စံချိန်စံညွှန်းပြည့်ဝစွာဖြင့် တစ်နှစ်လျှင် တန်ချိန် ၁ဝဝ,ဝဝဝခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Factory and Industrial Plant Local Read 27 times